ချန်ဒလာနှင့် ထိုးသတ်မည့်ပွဲအတွက် သတင်းစာရှင်းလင်းပွဲကို UFC မှ ရွှေ့ဆိုင်းခဲ့မှုအပေါ် မက်ဂရီဂေါ် တောင်းပန်

ချန်ဒလာနှင့် ထိုးသတ်မည့်ပွဲအတွက် သတင်းစာရှင်းလင်းပွဲကို UFC မှ ရွှေ့ဆိုင်းခဲ့မှုအပေါ် မက်ဂရီဂေါ် တောင်းပန်
Photo: Yardbarker
Photo: Yardbarker
Published 8 June 2024

 

ဇွန်လ ၂၉ ရက်၌ပြုလုပ်မည့် UFC 303 ၏ Main Event ပွဲစဉ် ဖြစ်သည့် ကွန်နာမက်ဂရီဂေါ်နှင့် မိုက်ကယ်ချန်ဒလာတို့၏ ပွဲအတွက် ပြုလုပ်မည့် သတင်းစာရှင်းလင်းပွဲအား ရွှေ့ဆိုင်းခဲ့မှုအပေါ် မက်ဂရီဂေါ်က တောင်းပန်ခဲ့ကြောင်း သိရသည်။

အသက် ၃၅ နှစ်အရွယ်ရှိ မက်ဂရီဂေါ် နှင့် အသက် ၃၈ နှစ်အရွယ်ရှိ ချန်ဒလာတို့၏  ပွဲသတင်းစာရှင်းလင်းပွဲကို မူလက ဇွန်လ ၃ ရက်၌ 3 Arena တွင်ပြုလုပ်ရန် စီစဉ်ထားပြီးမှ ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။ ယင်းရွှေ့ဆိုင်းမှု နှင့်ပတ်သက်ပြီး BBC Sport က UFC သို့ ဖြေရှင်းပေးရန် တောင်းခံခဲ့သည်။ 

သို့သော် UFC က ယင်းရွှေ့ဆိုင်းမှုနှင့် ပတ်သက်ပြီး ကြေညာချက်ထုတ်ပြန်ရာတွင် နေ့စွဲသစ်နှင့် အချိန်ကို သတင်းအချက်အလက် ပေးနိုင်သည့်အချိန်တွင် ချက်ချင်းဝေမျှပေးသွားမည် ဖြစ်ကြောင်းသာ တုံ့ပြန်ခဲ့သည်။ 

မက်ဂရီဂေါ်သည် ပြီးခဲ့သည့် ဇွန်လ၂ ရက်က အင်တာဗျူးပြုလုပ်ရန် စီစဉ်ထားသော်လည်း အားလုံးကို ဖျက်သိမ်းခဲ့ကြောင်း သိရသည်။ UFC သည် မက်ဂရီဂေါ်နှင့် ချန်ဒလာတို့ ထိုးသတ်မည့် လက်ဝှေ့ပွဲကို မေလ ၂၄ ရက်က တရားဝင်ကြေညာခဲ့ပြီး ယင်းပွဲ အတွက် လက်မှတ်ရောင်းချမှုမှာလည်း ၁၀ မိနစ်အတွင်းမှာပင် ကုန်စင်အောင် ရောင်းချခဲ့ရသည်။ 

မက်ဂရီဂေါ်သည် ချန်ဒလာနှင့်ပွဲအတွက် ဒဗ္ဗလင်မြို့တွင် အခြေစိုက်နေထိုင်ကာ နည်းပြ ဂျွန်ကာဗာနက်ရှ် လက်အောက်တွင် SBG Gym ၌ ပြင်ဆင်လေ့ကျင့်နေခြင်းဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent