ပြဿနာတွေနဲ့ ၂၀၂၄ ကိုပါအမေရိက

ပြဿနာတွေနဲ့ ၂၀၂၄ ကိုပါအမေရိက
Photo : Getty Images
Photo : Getty Images
Published 18 July 2024
Taw Linn

အမေရိကန်မှာ ကျင်းပခဲ့တဲ့ ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲကတော့ ကမ္ဘာ့ဖလား ချန်ပီယံ အာဂျင်တီးနားအသင်းရဲ့ ဗိုလ်စွဲမှုနဲ့အတူ ပြီးဆုံးသွားပါပြီ။ ဒီပြိုင်ပွဲက အမေရိကအသင်းတွေရဲ့ ဘောလုံးအပေါ် ရူးသွပ်မှုကို သရုပ်ဖော်တဲ့ ပြိုင်ပွဲဖြစ်ဖို့ မျှော်လင့်ခဲ့ကြတာပါ။ ဒါပေမဲ့ နာမည်ကျော် အာဂျင်တီးနားသတင်းစာ Ole က ၂၀၂၄ ကိုပါအမေ ရိကပြိုင်ပွဲကို "ကြေကွဲစရာတွေနဲ့ ကြုံတွေ့ရလုနီးပါးဖြစ်ခဲ့တဲ့ ပါတီ"လို့ ခေါင်းစဉ်တပ်ခဲ့တယ်။ ကမ္ဘာ့ပေါ်မှာ အကြီးဆုံးနဲ့ အကောင်းဆုံးဘောလုံးကွင်း တချို့ကို ပိုင်ဆိုင်တဲ့ အမေရိကန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ၂၀၂၄ ကိုပါအမေရိက ပြိုင်ပွဲဟာ ပြဿနာတွေ၊ အဆင်မပြေမှုတွေနဲ့လွှမ်းမိုးနေတာပါ။

 

Most Read

Most Recent