■ ပြင်သစ်လီဂူးပွဲစဉ် (၈) ပွဲကြိုသုံးသပ်ချက်

■ ပြင်သစ်လီဂူးပွဲစဉ် (၈) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 18 October 2024

ဘရက်စ် - ရန်းစ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၉ ရက် ည ၉:၃၀ နာရီ)

အမှတ်ပေးဇယားအထက်အောက် ရပ်တည်နေတဲ့အသင်း (၂)သင်းဖြစ်ပြီး လက်ရှိခြေစွမ်းအရတော့ နိုင်သင့်တဲ့ပွဲကိုနိုင်ပွဲရအောင်ကစားတတ်တဲ့ အိမ်ရှင်ဘရက်စ်က အားပိုကောင်းနေပါတယ်။ ရန်းစ်အမြင့်ဆုံးသရေပဲမျှော်လင့်နိုင်မယ်။ ဂိုးနည်းမယ်။



စိန့်အက်တီယန် - လန်းစ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၁၉ ရက် ည ၁၁:၃၀ နာရီ)

လန်းစ်က နောက်ဆုံး (၅)ပွဲဆက်သရေရလဒ်နဲ့အတူ မိုနာကို၊ PSG တို့နဲ့အတူ လီဂူး-၁ ရှုံးပွဲမရှိသေးတဲ့အသင်းအဖြစ် ရပ်တည်နေတယ်။ ဒီပွဲလည်း လန်းစ်တို့ မရှုံးလောက်ပါဘူး။



PSG - စထရာဘိုး (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂၀ ရက် နံနက် ၁:၃၀ နာရီ)

နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ နိုက်စ်နဲ့သရေကျခဲ့တဲ့ PSG တို့ အဆင့် (၂)နေရာဆင်းပေးလိုက်ရတယ်။ အသင်းက ချန်ပီယံလိဂ်နဲ့ လီဂူးပြိုင်ပွဲအကြားမှာ ဟန်ချက်ညီအောင်ထိန်းကစားနေရပြီး ကြယ်ပွင့်ကစားသမားတွေနည်းပါးသွားခြင်းကလည်း အသင်းရဲ့အရှိန်အဝါကိုလျော့ကျစေခဲ့ပုံပါပဲ။ စထရာဘိုးက PSG ကိုအသာစီးကစားဖို့မဖြစ်နိုင်ပေမယ့် နောက်ဆုံး (၄)ပွဲ ဆက်ရှုံးပွဲမရှိအောင်ကစားထားတဲ့ ခြေစွမ်းအရတော့ ကောင်းကောင်းအခက်တွေ့စေဦးမှာပါ။ ဒီပွဲအပြီးချန်ပီယံလိဂ်ကစားရဖို့ရှိနေတဲ့ PSG တို့ ရာနှုန်းပြည့်အားစိုက်ဖို့ခက်နိုင်ပြီး အိမ်ကွင်း မှာ ကပ်နိုင်လောက်ပဲ ကစားသွားမယ်ထင်တယ်။