Pfizer/BioNTech ဆေးကုမ္ပဏီက COVID-19 မျိုးကွဲအိုမီခရွန်အတွက် ကာကွယ်ဆေးကို  ဆေးဘက်ဆိုင်ရာ စမ်းသပ်မှု စတင်လုပ်ဆောင်

Pfizer/BioNTech ဆေးကုမ္ပဏီက COVID-19 မျိုးကွဲအိုမီခရွန်အတွက် ကာကွယ်ဆေးကို  ဆေးဘက်ဆိုင်ရာ စမ်းသပ်မှု စတင်လုပ်ဆောင်
ဇန်နဝါရီ ၁၇ ရက်က ပါကစ္စတန်နိုင်ငံ အစ္စလာမာဘတ်မြို့တော်တွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးက အမျိုးသားတစ်ဦးအား Pfizer ၏ ထပ်တိုးကာကွယ်ဆေး ထိုးနှံပေးနေစဉ်
ဇန်နဝါရီ ၁၇ ရက်က ပါကစ္စတန်နိုင်ငံ အစ္စလာမာဘတ်မြို့တော်တွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးက အမျိုးသားတစ်ဦးအား Pfizer ၏ ထပ်တိုးကာကွယ်ဆေး ထိုးနှံပေးနေစဉ်
Published 26 January 2022
Ref: AFP

အမေရိကန်ဆေးကုမ္ပဏီ Pfizer နှင့်တွဲဖက်ဂျာမန်ဆေးကုမ္ပဏီ BioNTech တို့က အိုမီခရွန်မျိုးကွဲအတွက် အထူးထုတ်လုပ်ထားသည့် COVID-19 ကာကွယ်ဆေး၏ ကိုယ်ခံအားတုံ့ပြန်မှုနှင့် ဘေးကင်းစွာအသုံးပြုနိုင်မှုတို့ကို အသက် ၅၅ နှစ်အရွယ်များတွင် ဆေးဘက်ဆိုင်ရာစမ်းသပ်မှုများ စတင်လုပ်ဆောင်ခဲ့သည်ဟု ဇန်နဝါရီ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

Pfizer အနေဖြင့် မတ်လမတိုင်မီ ယင်းကာကွယ်ဆေးကို အာဏာပိုင်များထံမှ အတည်ပြုချက် ရရှိရန်အတွက် တင်သွင်းရန်အဆင်သင့်ဖြစ်နေပြီဟု Pfizer CEO အယ်လ်ဘတ်ဘော်လာက ယခင်က ပြောကြားခဲ့သည်။

လက်ရှိရရှိထားသော အချက်အလက်အရ မူလ COVID-19 မျိုးကွဲအတွက်ထုတ်ထားသည့် ထပ်တိုးကာကွယ်ဆေးများသည် အိုမီခရွန်မျိုးကွဲကူးစက်ခံရမှုမှ ပြင်းထန်ရောဂါအခြေအနေများ မဖြစ်ပွားစေရန် ဆက်လက်ကာကွယ်နိုင်ကြောင်းတွေ့ရှိခဲ့သော်လည်း ကုမ္ပဏီအနေနဲ့ စွန့်စားမှုများကိုရှောင်လွှဲခဲ့သည်ဟု ကုမ္ပဏီ၏ကာကွယ်ဆေးသုတေသီအကြီးအကဲ ကက်သရင်း ဂျန်ဆန်က ထုတ်ပြန်ခဲ့သည်။

“ဒီကာကွယ်နိုင်စွမ်းဟာ အချိန်ကာလကြာလာတဲ့အခါ လျော့နည်းလာနိုင်တဲ့အခြေအနေအတွက် ပြင်ဆင်ထားဖို့လိုမယ်ဆိုတာ ကျွန်တော်တို့အသိအမှတ်ပြုထားပြီး အိုမီခရွန်မျိုးကွဲနဲ့ အနာဂတ်မှာ ထွက်ပေါ်လာမယ့် မျိုးကွဲအသစ်တွေကို ဖြေရှင်းတဲ့နေရာမှာလည်း အလားအလာရှိတဲ့အကူအညီဖြစ်စေမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ဂျာမန်ဆေးကုမ္ပဏီ BioNTech ၏ CEO အူဂွာဆာဟင်ကလည်း ရောဂါလက္ခဏာမပြင်းထန်စေသည့် မူလကာကွယ်ဆေး၏ ကာကွယ်နိုင်စွမ်းသည် အိုမီခရွန်မျိုးကွဲကို ဆန့်ကျင်ရာတွင် အလျှင်အမြန် အာနိသင်လျှော့နည်းဖွယ်ရှိသည်ဟု ထပ်မံပြောကြားခဲ့သည်။

“ဒီသုတေသနဟာ မျိုးကွဲကို အခြေပြုပြီး တီထွင်နေတဲ့ ကျွန်တော်တို့ရဲ့ သိပ္ပံအခြေပြုချဉ်းကပ်မှု တစ်စိတ်တစ်ပိုင်းဖြစ်ပြီးအရင် မျိုးကွဲတွေတုန်းကလိုမျိုး အိုမီခရွန်မျိုးကွဲကို ကာကွယ်ပေးနိုင်တဲ့ အလားတူအဆင့်အထိ ရောက်ရှိအောင်မြင်ပေမယ့် ကာကွယ်နိုင်စွမ်းကာလကို ပိုမိုကြာရှည်စေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

ယင်းကာကွယ်ဆေးစမ်းသပ်မှုတွင် အသက် ၁၈ နှစ်မှ ၅၅ နှစ်ကြား လူဦးရေ ၁,၄၂၀  ပါဝင်လိမ့်မည်ဖြစ်သည်။

စမ်းသပ်မှုတွင်အသက် ၅၅ နှစ်အထက် အရွယ်များပါဝင်လိမ့်မည်မဟုတ်ကြောင်း၊ ယင်းစမ်းသပ်မှု၏ ရည်ရွယ်ချက်မှာ ကာကွယ်ဆေး၏ခန့်မှန်းခြေထိရောက်မှုထက် ကာကွယ်ဆေးထိုးနှံခံသူတွင် ကိုယ်ခံအား တုံ့ပြန်မှုအပေါ်စမ်းစစ်လိုခြင်းဖြစ်ကြောင်း Pfizer ၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

ယင်းစမ်းသပ်မှုကို အမေရိကန်နှင့် တောင်အာဖရိကတစ်ဝန်းတွင် ပြုလုပ်နေပြီး ပထမဆုံးစမ်းသပ်ခံရသူမှာ မြောက်ကာရိုလိုင်းနားမှ ဖြစ်သည်။

Pfizer/BioNTech ၏ mRNA နည်းပညာအခြေပြုကာကွယ်ဆေးသည် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင်အနောက်နိုင်ငံ၌ အရေးပေါ်အသုံးပြုရန် ပထမဆုံးအတည်ပြုချက်ရရှိခဲ့သည့် ကာကွယ်ဆေးဖြစ်သည်။

 

Most Read

Most Recent