အင်တာမီလန် - အူဒီးနီးစ် (တနင်္ဂနွေညနေ ၆း၀၀ နာရီ)
အင်တာမီလန်ရဲ့ Aggressive Style ဟာ ဆွဲဆောင်မှု ရှိနေဆဲပါ။ ဒါပေမဲ့ လုပ်အားနှုန်းအခြေပြု အသင်းတစ်သင်းမှာ မြင်တွေ့နေကျအတိုင်း အင်တာမီလန် ပွဲပန်းလာပါပြီ။ အူဒီးနီးစ် က တစ်မှတ်တန်အောင်ပွဲတွေကြား သာယာနေတယ်။ ကွင်း လယ်စုဖွဲ့မှုကို အဓိကအားထားကစားနေပေမဲ့ တိုက်စစ်မှာ အ ရည်အသွေးမြင့်ကစားသမား သိပ်မရှိဘူး။ အင်တာမီလန် (၂) ဂိုးပြတ်လောက် နိုင်သင့်တဲ့ပွဲပါပဲ။
ဖီအိုရင်တီးနား - စပီဇီယာ (တနင်္ဂနွေည ၈း၃၀ နာရီ)
ဖီအိုရင်တီးနားရဲ့ အိမ်ကွင်းကစားပုံက ရာနှုန်းပြည့်စိတ် မချရပေမဲ့ အဝေးကွင်းမှာ ဘဝတူတန်းတက် ဆလာနီတာနာ တစ်သင်းတည်းကို အနိုင်ရထားတဲ့ စပီဇီယာကို အသာစီးမရ စရာ အကြောင်းမရှိပါဘူး။ အိမ်ကွင်းနောက်ဆုံးပွဲမှာ ကာဂလီ ယာရီကို ဂိုးပြတ်အနိုင်ရထားပြီး ဗလာဟိုဗစ်လည်း ဂိုးပေါက် တွေ့နေလို့ စပီဇီယာ တစ်မှတ်တောင်မျှော်လင့်လို့မရတဲ့ အနေ အထားပါ။ ဖီအိုရင်တီးနား (၂)ဂိုးပြတ်နိုင်မယ်။
ဂျီနိုအာ - ဗင်နီဇီယာ (တနင်္ဂနွေည ၈း၃၀ နာရီ)
စီးရီးအေအတွေ့အကြုံရင့်ကစားသမားတွေနဲ့ ဂျီနိုအာက တန်းဆင်းဇုန်ထဲ ရုန်းကန်နေရတယ်။ ဗင်နီဇီယာကလည်း အ ခြေအနေဆိုးတွေကြား လူးလွန့်နေရပြီး အဝေးကွင်းမှာ အမှား ပိုများတတ်တယ်။ ဂျီနိုအာ အိမ်ကွင်းမှာ နိုင်ပွဲရှာရမယ့်အချိန်ဖြစ် ပြီး (၂-၁)လောက်နဲ့ နိုင်မယ်။
ဆာဆူအိုလို - အမ်ပိုလီ (တနင်္ဂနွေည ၈း၃၀ နာရီ)
ဆာဆူအိုလိုက အိမ်ကွင်းမှာ အာရုံစိုက်ကစားနေပေမဲ့ ရလဒ်တွေ ထင်သလောက်မကောင်းသေးဘူး။ အိမ်ကွင်းနောက် ဆုံး (၅)ပွဲမှာ (၂)ပွဲသာ အနိုင်ရထားပြီး အနိုင်ရထားတဲ့အသင်း တွေကလည်း တန်းတက်အသင်းတွေ ဖြစ်နေပါတယ်။ အမ်ပိုလီ က ဆာဆူအိုလိုထက် ရလဒ်တွေပိုကောင်းနေသလို၊ ဒီရာသီ အဝေးကွင်းအကောင်းဆုံး ထိပ်ဆုံး (၅)သင်းထဲ ပါဝင်နေတယ်။ ဆာဆူအိုလို အမှတ်လျော့သွားနိုင်တယ်။
ဆလာနီတာနာ - နာပိုလီ (တနင်္ဂနွေည ၁၁း၃၀ နာရီ)
ဆလာနီတာနာက တန်းပြန်ဆင်းရမယ့်စွမ်းဆောင်ရည် မျိုး ပြသနေတယ်။ ပေးဂိုးအများဆုံးအသင်းတစ်သင်းအဖြစ် ရပ် တည်နေပြီး ကစားသမားစုဖွဲ့မှုအရလည်း နာပိုလီကို လုံး၀ မယှဉ်နိုင်ဘူး။ နာပိုလီက ချန်ပီယံဆုအိပ်မက်မက်နေတဲ့အသင်း ဖြစ်ပြီး အေစီမီလန်နဲ့အပြိုင်ဖြစ်နေလို့လည်း ဒီလိုပွဲမျိုးမှာ အမှား ခံမယ်မထင်ဘူး။ အေစီမီလန် ပွဲကျပ်နေချိန်မှာ မဖြစ်မနေနိုင်ပွဲ ယူမယ့် နာပိုလီနဲ့ ဂိုးအများပါပဲ။
ရိုမား - အေစီမီလန် (တနင်္လာနံနက် ၂း၁၅ နာရီ)
ရိုးမားက ဖိအားတွေအောက် ပိုပြီးနစ်ဝင်လာသလိုပဲ။ ရာသီအစကလို တိုက်စစ်အားသန်ကစားဟန်ကို မမြင်ရတော့ဘဲ မော်ရင်ဟိုရဲ့ မူလလက်ဟောင်း ခံစစ်ဗဟိုပြုအငွေ့အသက် ခံစားလာရတယ်။ ဒီပွဲပြီးရင် အရေးပါတဲ့ ကွန်းဖရန့်လိဂ်ကစားရမှာ ဖြစ်လို့လည်း ရိုးမားရဲ့ အာရုံစူးစိုက်မှုဒီဂရီကို သံသယဝင်ချင်စရာကောင်းသလို၊ အေစီမီလန်ကလည်း ချန်ပီယံလိဂ်အဆုံးဖြတ် ပွဲရှိနေလို့ ဒီပွဲကို သတိထားချဉ်းကပ်ရပါမယ်။ ဒီရာသီစီးရီးအေ Big Six အသင်းတွေနဲ့ စီးချင်းထိုးပွဲမှာ မျက်နှာငယ်နေရတဲ့ မော်ရင်ဟို သိက္ခာပြန်ဆယ်မယ့်ပွဲမျိုးပါ။ အေစီမီလန်ရဲ့ နိုင်ပွဲဆက်သံပတ် ရပ်သွားလိမ့်မယ်။















