The Economist မဂ္ဂဇင်းက ပြင်သစ်ကို Country of the Year အဖြစ် ရွေးချယ်

The Economist မဂ္ဂဇင်းက ပြင်သစ်ကို Country of the Year အဖြစ် ရွေးချယ်
Published 24 December 2017

The Economist မဂ္ဂဇင်းက ပြင်သစ်နိုင်ငံကို Country of the Year အဖြစ် ရွေးချယ်ခဲ့ပြီး သမ္မတသစ် အီမန်နျူရယ်မက်ခရွန်သည် ပွင့်လင်းလူ့အဖွဲ့အစည်းများနှင့်ပြုပြင် ပြောင်းလဲရေးကို အံ့အားသင့်ဖွယ် အောင်မြင်အောင်လုပ်ဆောင်နိုင်ခဲ့သည်ဟု  ထုတ်ပြန်ခဲ့သည်။

ပွင့်လင်းလူ့အဖွဲ့အစည်းနှင့်အမြင်ကျဉ်းသည့် လူ့အဖွဲ့အစည်းအမြင်များအကြား ပဋိပက္ခဖြစ်မှုက ၂၀၁၇ ခုနှစ်တွင် ကမ္ဘာ၌အရေးအပါဆုံး နိုင်ငံရေးယှဉ်ပြိုင်မှုဖြစ်လာနိုင်ခြေရှိကြောင်း လန်ဒန်အခြေစိုက် အပတ်စဉ်ထုတ်မဂ္ဂဇင်း The Economist က ဆိုသည်။

“၂၀၁၇ ခုနှစ်မှာ ပြင်သစ်က မျှော်မှန်းချက်အားလုံးကို စိန်ခေါ်ခဲ့တယ်”ဟု ဒီဇင်ဘာ ၂၃ ရက်နှင့် ဇန်နဝါရီ   ၅ ရက်ထုတ် The Economist မဂ္ဂဇင်း၏ အယ်ဒီတာ့အာဘော်တွင် ရေးသားခဲ့သည်။

နိုင်ငံရေးအမြင်မျှတသူ မက်ခရွန်၏ သမ္မတရွေးကောက်ပွဲလှုပ်ရှားမှုသည် အောင်မြင်ခဲ့ပြီး ၎င်း၏ ထွန်းသစ်စ Republic on the Move (LREM) movement ပါတီသည် အမျိုးသားလွှတ်တော်တွင် အမတ်နေ ရာအများစုကို ရရှိခဲ့ခြင်းက ရင်သပ်ရှုမောဖွယ်ကောင်းသည့် အံ့အားသင့်ဖွယ်တစ်ခုဟု The Economist ကဆိုသည်။

မက်ခရွန်သည် ပြင်သစ်၏တင်းကျပ်သော အလုပ်သမားဥပဒေများကို ဖြေလျှော့ပေးခြင်း အပါအဝင် သင့်တင့်သောပြုပြင်ပြောင်းလဲမှုများကို ကျော်ဖြတ်နိုင်ခဲ့သည်ဟု မဂ္ဂဇင်းက ထောက်ပြခဲ့သည်။

The Economist မဂ္ဂဇင်းသည် Country of the Year ကို ၂၀၁၃ ခုနှစ်မှ စတင်ရွေးချယ်ခဲ့ပြီး ပြီးခဲ့သည့်  ၁၂  လအတွင်း သိသိသာသည့်ပြောင်းလဲမှု (သို့မဟုတ်) ပိုမိုကောင်းမွန်သည့် ကမ္ဘာကိုဖော်ဆောင်နိုင်ခဲ့သည့် နိုင်ငံကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ယခုနှစ်အတွက် ကနဦးရွေးချယ်ခဲ့သည့်နိုင်ငံများထဲတွင် အိမ်နီးချင်းမြန်မာနိုင်ငံမှ ထွက်ပြေးလာသည့် ဘင်္ဂါလီဒုက္ခသည်များကို လက်ခံခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နှင့်  ဘဏ္ဍာရေးတည်ငြိမ်မှုအတွက် ခက်ခဲသည့်ပြုပြင်ပြောင်းလဲရေးများ အတည်ပြုခဲ့သည့် အာဂျင်တီးနားနိုင်ငံလည်း ပါဝင်ခဲ့သည်ဟု The Economist က ဆိုသည်။

သို့သော် ပြင်သစ်နှင့် နျူကလီးယား ဘေးအန္တရာယ်ခြိမ်းခြောက်မှုအောက်တွင် ပြည်တွင်းနိုင်ငံရေးကို ရှင်းလင်းရေးလုပ်နိုင်ခဲ့သည့် တောင်ကိုရီးယားနိုင်ငံတို့ကို ဆန်ခါတင်စာရင်းတွင် အဆုံးအဖြတ်ပေးခဲ့ခြင်းဖြစ်သည်။

 

 

Most Read

Most Recent