ဒေသတွင်း တရားမဝင် မူးယစ်ဆေးဝါးကုန်သွယ်မှု တိုက်ဖျက်ရန် သြစတြေးလျနယ်စပ်တပ်ဖွဲ့နှင့် အကောက်ခွန် နားလည်မှုစာချွန်လွှာရေးထိုး

ဒေသတွင်း တရားမဝင် မူးယစ်ဆေးဝါးကုန်သွယ်မှု တိုက်ဖျက်ရန် သြစတြေးလျနယ်စပ်တပ်ဖွဲ့နှင့် အကောက်ခွန် နားလည်မှုစာချွန်လွှာရေးထိုး
Published 19 December 2017

တရားမဝင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် သြစတြေးလျနယ်စပ်တပ်ဖွဲ့ (ABF) နှင့် မြန်မာ့အကောက်ခွန်ဌာန (MCD) တို့အကြား ဒေသတွင်း တရားမဝင်မူးယစ်ဆေးဝါးများ မှောင်ခိုကုန်ကူးခြင်းအပြင် အကောက်ခွန်နှင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာဥပဒေများကို ချိုးဖောက်မှုများအား စုံစမ်းထောက်လှမ်းရန်၊ ဟန့်တားရန်နှင့် ကာကွယ်တားဆီးရန်အတွက် သမိုင်းဝင်သတင်းအချက်အလက်မျှဝေရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုးလိုက်သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် နယ်စပ်ကာကွယ်စောင့်ရှောက်ရေး (DIBP) ၏ လုပ်ငန်းဆောင်ရွက်မှုပိုင်းဆိုင်ရာ အဖွဲ့အစည်းဖြစ်သော သြစတြေးလျနယ်စပ်တပ်ဖွဲ့နှင့် ရေးထိုးသော MoU တွင် မဲခေါင်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ဒေးဗစ်နက်စ်နှင့် MCD ၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ဆန်းထွန်းတို့ လက်မှတ်ရေးထိုးခဲ့ကြသည်။

MoU သည် ဒေသတွင်း၌ တရားမဝင်မူးယစ်ဆေးဝါးများနှင့် အစပျိုးစမ်းသပ်ပစ္စည်းများအား တိုက်ဖျက်ရာတွင် အတူလုပ်ဆောင်နိုင်ရေး အဖွဲ့အစည်းနှစ်ခုအတွက် အနာဂတ်မူဘောင်တစ်ရပ်ဖြစ်သည်။ မက်သဖက်တမင်းနှင့် အခြားတရားမဝင်မူးယစ်ဆေးဝါးများ၏ ဘေးဆိုးအန္တရာယ်ကိုတိုက်ဖျက်ရန် ဒေသတွင်း မိတ်ဖက်အဖွဲ့အစည်းများနှင့် နီးကပ်စွာလုပ်ဆောင်ရန် ကတိပြုထားပြီး DIBP နှင့် MCD တို့အကြား ပုံမှန်သတင်းဖလှယ်ခြင်းသည် မူးယစ်ဆေးဝါးမှောင်ခိုကုန်ကူးခြင်းကို ဦးတည်တိုက်ဖျက်နိုင်ရေး အတူလုပ်ဆောင်နိုင်သည့်စွမ်းရည်ကို ပိုမိုအားကောင်းစေမည်ဖြစ်ကြောင်း မစ္စတာနက်စ်က ပြောကြားသည်။ ထို့အတူ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ခြင်းသည် တရားမဝင် မူးယစ်ဆေးဝါးကုန်သွယ်မှု တိုက်ဖျက်ရေးအတွက် အဓိကကျကြောင်း အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထင်က အတည်ပြုထောက်ခံခဲ့ပြီး ဒေသတွင်းပေါ်ထွက်လာနေသည့် မူးယစ်ဆေးဝါးဦးတည်ရာများနှင့် စပ်လျဉ်းပြီး DIBP ကို အသိပေးနှိုးဆော်ရန် သဘောတူညီခဲ့သည်။

သြစတြေးလျနိုင်ငံသည် MCD ၏ ခေတ်မီတိုးတက်ရေးလုပ်ငန်းစဉ်နှင့် ဒေသတွင်း တရားမဝင်မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးခြင်းကို စုံစမ်းထောက်လှမ်း၊ တားဆီးရေးအားထုတ်ကြိုးပမ်းမှုများကို အခိုင်အမာအားပေးထောက်ခံသူဖြစ်ပြီး သြ့ကိုပြည့်စုံစေရန် ဖြည့်စွက်သည့်အနေဖြင့် ABF သည် မူးယစ်ဆေးဝါးစမ်းသပ်သည့်ပစ္စည်းများနှင့် မိုဘိုင်းနည်းပညာဆိုင်ရာပစ္စည်းများကို MCD ထံ လက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။ မူးယစ်ဆေးဝါးစမ်းသပ်သည့်ပစ္စည်းများသည် သံသယရှိသည့်ကုန်စည်များတွင် တရားမဝင်မူးယစ်ဆေးဝါးများကို စစ်ဆေးနိုင်မည်ဖြစ်သည်။

Most Read

Most Recent