မာနေသည် ဒိုင်ဗင်သမားမဟုတ်ဟု ယာဂန်ကလော့ပ် ကာကွယ်

မာနေသည် ဒိုင်ဗင်သမားမဟုတ်ဟု ယာဂန်ကလော့ပ် ကာကွယ်
Photos: Getty Images
Photos: Getty Images
Published 5 November 2019

လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က အသင်းတောင်ပံတိုက်စစ်ကစားသမား မာနေသည် ဒိုင်ဗင်ပစ်တတ်သူမဟုတ်ကြောင်း ကာကွယ်ပြောကြားခဲ့သည်။ 

လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က အသင်းတောင်ပံတိုက်စစ်ကစားသမား မာနေသည် ဒိုင်ဗင်ပစ်တတ်သူမဟုတ်ကြောင်း ကာကွယ်ပြောကြားခဲ့သည်။ 

မန်စီးတီးနည်းပြ ဂွါဒီယိုလာက မာနေမှာ အလွန်တော်သည့်ကစားသမားတစ်ဦးဖြစ်သော်လည်း တစ်ခါတစ်ရံ ဒိုဗင်ပစ်တတ်သူဖြစ်ကြောင်း ဝေဖန်ပြောကြားခဲ့သည်။ 

ယခုအခါ ယာဂန်ကလော့ပ်က မာနေမှာ ဂွါဒီယိုလာ ပြောသလို ဒိုင်ဗင်သမားမဟုတ်ကြောင်း ကစားသမားဘက်မှ ကာကွယ်ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ယာဂန်ကလော့ပ်က "မာနေဟာ ဒိုင်ဗင်သမား မဟုတ်ပါဘူး။ ဗီလာနဲ့ပွဲမှာ ပြိုင်ဘက်ကစားသမားနဲ့ထိလို့ သူ လဲကျခဲ့တာပါ။ ဒီလိုအခြေအနေမျိုး ကြုံတွေ့ရင် မန်စီးတီးလည်း ပယ်နယ်တီ ရချင်မှာတော့ သေချာပါတယ်။ ဂွါဒီယိုလာက ကျွန်တော်တို့အကြောင်း ဘာလို့မြန်မြန်သိနေရတာလဲ ကျွန်တော် မသိပါဘူး။ ကျွန်တော်ကတော့ ဂျန့်အသင်းအကြောင်းပဲ ပြောချင်ပါတယ်"ဟု ဆိုခဲ့သည်။

လီဗာပူးလ်အသင်းသည် ယခုရာသီပရီးမီးယားပွဲစဉ် (၁၁)အပြီးတွင် ရမှတ် (၃၁)မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်နေပြီး မန်စီးတီးအသင်း(၂၅ မှတ်)က လီဗာပူးလ်အသင်းနှင့် (၆)မှတ်အကွာဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။ 

လီဗာပူးလ်နှင့် မန်စီးတီးအသင်းတို့သည် နိုဝင်ဘာ (၁၁)ရက်တွင် အန်ဖီးလ်ကွင်း၌ တွေ့ဆုံကြမည်ဖြစ်ပြီး မာနေအား ဒိုင်ဗင်သမားဟု ပြောဆိုခဲ့သည့် ဂွါဒီယိုလာမှာ ယင်းပွဲအကြို စကားစစ်ထိုးခဲ့ခြင်းဖြစ်သည်ဟု ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။ 

 

Most Read

Most Recent