■ ၂၀၂၄ ကိုပါအမေရိက ပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲကြိုသုံးသပ်ချက်

■ ၂၀၂၄ ကိုပါအမေရိက ပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲကြိုသုံးသပ်ချက်
Photo: Copa America
Photo: Copa America
Published 9 July 2024

◘ အာဂျင်တီးနား - ကနေဒါ (မြန်မာစံတော်ချိန် ဇူလိုင်လ ၁၀ ရက် နံနက် ၆း၃၀ နာရီ)

♦ Current Form

Argentina WWWWW

Canada DLWDW

♦ Head to Head  

၂၄-၅-၁၀(FRI)    အာဂျင်တီးနား    ၅-၀    ကနေဒါ

၂၀-၆-၂၄(CA)    အာဂျင်တီးနား    ၂-၀    ကနေဒါ

♦ Facts

- အာဂျင်တီးနားအသင်းသည် နောက်ဆုံးကစားထားသည့် နိုင်ငံတကာပွဲ (၂၄)ပွဲတွင် တစ်ပွဲသာ အရေးနိမ့်ခဲ့ပြီး ပယ်နယ်တီအဆုံးအဖြတ်ပွဲများ အပါအဝင် (၂၃)ပွဲအထိ အနိုင်ရခဲ့သည်။

- ကနေဒါအသင်းသည် ကိုပါအမေရိကပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်တက်ရောက်နိုင်သည့် စတုတ္ထမြောက်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

အာဂျင်တီးနားအသင်းအဖို့ အခုကိုပါအမေရိကပြိုင်ပွဲက ပွဲစဉ်လမ်းကြောင်းအရ ဗိုလ်လုပွဲအထိ ဖိအားအတော်နည်းခဲ့တယ်။ အခုဆီမီးပွဲမှာလည်း အုပ်စုတွင်းက ခြေအသာစီးနဲ့ ကစားနိုင်ခဲ့တဲ့ ကနေဒါအသင်းကို ပြန်လည်ရင်ဆိုင်ရမှာဖြစ်လို့ အခက်အခဲ သိပ်မရှိလောက်ဘူး။ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီကတော့ အခုပြိုင်ပွဲ ပွဲစဉ်(၄)ပွဲမှာ (၃)ပွဲကစားခဲ့ပေမဲ့ ဂိုးပေါက်မတွေ့သေးဘူး။ အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီက တိုက်စစ်မှာ အယ်လ်ဗာရက်ဇ်၊ လော်တာရိုမာတီနက်ဇ်နဲ့ မက်ဆီတို့ (၃)ဦးစလုံးကို ပြိုင်သုံးတာထက် ၄-၄-၂ ပုံစံကို ပိုအားသန်နေတယ်။ ကနေဒါအသင်း အစွမ်းကုန်ရုန်းကန်မှာဖြစ်ပေမဲ့ ဒုက္ခမပေးနိုင်လောက်ဘူး။ အာဂျင်တီးနားပဲ ကြိုက်တယ်။

♦ Argentina

Predicted line-up: Emiliano Martínez; Nahuel Molina, Cristian Romero, Lisandro Martínez, Nicolás Tagliafico; Rodrigo De Paul, Enzo Fernández, Alexis Mac Allister; Lionel Messi, Lautaro Martínez, and Nicolás González

♦ Canada

Predicted line-up: Maxime Crepeau; Alistair Johnston, Moise Bombito, Derek Cornelius, Alphonso Davies; Ismael Koné, Stephen Eustaquio; Liam Millar, Jonathan David, Jacob Shaffelburg; Cyle Larin

Most Read

Most Recent