ပယ်နယ်တီအတွက် ကြိုတင်ပြင်ဆင်ခဲ့သည့် ပစ်ဖို့ဒ်ကို ဗြိတိန်မီဒီယာများ ချီးကျူး

ပယ်နယ်တီအတွက် ကြိုတင်ပြင်ဆင်ခဲ့သည့် ပစ်ဖို့ဒ်ကို ဗြိတိန်မီဒီယာများ ချီးကျူး
Photo: Sky Sports
Photo: Sky Sports
Published 8 July 2024

ဗြိတိန်မီဒီယာများက ပယ်နယ်တီကာကွယ်ရန်အတွက် ကြိုတင်ပြင်ဆင်မှုပြုလုပ်ခဲ့သည့် အင်္ဂလန်ဂိုးသမား ပစ်ဖို့ဒ်ကို ချီးကျူးမှုပြုလုပ်ခဲ့သည်။

ပစ်ဖို့ဒ်သည် ယူရို-၂၀၂၄ ကွာတားဖိုင်နယ်၌ ဆွစ်ဇာလန်အသင်းနှင့် ပယ်နယ်တီအဆုံးအဖြတ်ခံယူရာတွင် ပြိုင်ဘက်ကစားသမား အကန်ဂျီ၏ ကန်ချက်ကို ပုတ်ထုတ်ကာကွယ်နိုင်ခဲ့သည်။

ပစ်ဖို့ဒ်သည် ဆွစ်ဇာလန်ကစားသမားများ၏ ပယ်နယ်တီကန်သွင်းမှု အလေ့အထများကို လေ့လာထားခဲ့ပြီး မည်သည့်ဘက်သို့ ဒိုင်ဗင်ထိုးကာကွယ်ရမည်ဟု မှတ်သားထားသည့်စာရွက်အား ရေဘူးတွင် ကပ်ထားခဲ့သည်။

ယင်းကဲ့သို့ မှတ်သားထားသည့်အတိုင်း အကန်ဂျီ၏ ကန်ချက်ကို ကာကွယ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent