■ မြန်မာ Boxerများ ပြည်ပတွင် ဆုကြေးစားလက်ဝှေ့ပွဲများ ထိုးသတ်ရန် စီစဉ်

■ မြန်မာ Boxerများ ပြည်ပတွင် ဆုကြေးစားလက်ဝှေ့ပွဲများ ထိုးသတ်ရန် စီစဉ်
Published 19 July 2024

မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်၊ ဂျပန်လက် ဝှေ့ကော်မရှင်နှင့် MBC ကုမ္ပဏီတို့ ပူးပေါင်းပြီး မြန်မာ Boxer များကို WBC နှင့် WBO ပြိုင်ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် လက်ရည်စစ်ပွဲကျင်းပမည်ဟု သိရသည်။

လက်ရည်စစ်ပွဲကို သြဂုတ်လ (၂၁) ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်လိုသူများသည် ဇူလိုင်လ (၂၅) ရက် နောက်ဆုံးထား၍ စာရင်းပေးသွင်းရမည်ဟု သိရသည်။

လက်ရည်စစ်ပွဲကို မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်နှင့် ဂျပန်လက်ဝှေ့ကော်မရှင်တို့က ကြီးကြပ်မည် ဖြစ်သည်။

လက်ရည်စစ်ပွဲတွင် အမျိုးသားများ သုံးမိနစ် လေးချီနှင့် အမျိုးသမီးများ နှစ်မိနစ် လေးချီ ယှဉ်ပြိုင်ရမည်။

လက်ရည်စစ်ပွဲအောင်မြင်သူများကို စခန်းသွင်းလေ့ကျင့်ပေးပြီး ဂျပန်နိုင်ငံရှိပြိုင်ပွဲများသို့ စေလွှတ်မည်ဖြစ်သည်။

ဆုကြေးစား(ပရော်ဖက်ရှင်နယ်)လက်ဝှေ့သမားများသည် ပြိုင်ပွဲအနိုင်ရရှိမှုပေါ်မူတည်၍ ထိုးသတ်ကြေးရရှိမည်ဟု သိရသည်။ 

Most Read

Most Recent