အပူချိန်မြင့်မားမှုကြောင့် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲဝင် ကစားသမားများအတွက် စိုးရိမ်မှုမြင့်တက်

အပူချိန်မြင့်မားမှုကြောင့် အာဖရိကနိုင်ငံများဖလားပြိုင်ပွဲဝင် ကစားသမားများအတွက် စိုးရိမ်မှုမြင့်တက်
Photos: The Maravi Post,BBC
Photos: The Maravi Post,BBC
Published 23 June 2019

နိုင်ဂျီးရီးယားအသင်းတောင်ပံကစားသမား ဆင်မြူရယ်ကာလူးသည် ဇွန်လ (၂၁) ရက်က အသင်းလေ့ကျင့်ရေးကွင်းတွင် ရေဓာတ်ခန်းခြောက်မှုကြောင့် မူးလဲကာ ဆေးရုံတင်ခဲ့ရသည်။ ကာလူးမှာ ပြန်လည်ကျန်းမာ လာပြီးဖြစ်သော်လည်း ပြိုင်ပွဲဝင်ကစားသမားများအတွက် စိုးရိမ်မှုမြင့်တက်နေခြင်း ဖြစ်သည်။

 

၂၀၁၉ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို လက်ခံကျင်းပသည့် အီဂျစ်နိုင်ငံတွင် အပူချိန်မြင့်မားမှုကြောင့် ပြိုင်ပွဲဝင်ကစားသမားများ အန္တရာယ်ဖြစ်မည်ကို စိုးရိမ်မှုများမြင့်တက်လျက်ရှိကြောင်း သိရသည်။

နိုင်ဂျီးရီးယားအသင်းတောင်ပံကစားသမား ဆင်မြူရယ်ကာလူးသည် ဇွန်လ (၂၁) ရက်က အသင်းလေ့ကျင့်ရေးကွင်းတွင် ရေဓာတ်ခန်းခြောက်မှုကြောင့် မူးလဲကာ ဆေးရုံတင်ခဲ့ရသည်။ ကာလူးမှာ ပြန်လည်ကျန်းမာ လာပြီးဖြစ်သော်လည်း ပြိုင်ပွဲဝင်ကစားသမားများအတွက် စိုးရိမ်မှုမြင့်တက်နေခြင်း ဖြစ်သည်။ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကို ယခင်က ဆောင်းရာသီကာလဖြစ်သည့် ဇန်နဝါရီ နှင့် ဖေဖော်ဝါရီလအတွင်းသာ ကျင်းပလေ့ရှိပြီး ဥရောပလိဂ်ပြိုင်ပွဲများနှင့်တိုက်နေသဖြင့် အာဖရိကဘောလုံးအဖွဲ့ချုပ် (CAF) က ယခုနှစ် တွင် နွေရာသီ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

သို့သော် အုပ်စုပွဲစဉ်များမှာ အီဂျစ်နိုင်ငံ စံချိန်တော် ညနေ (၄း၃၀) နာရီတွင် ကျင်းပနေခြင်းဖြစ်ပြီး ယင်းအချိန်၌ အပူချိန်မှာ ၄၀ ဒီဂရီစင်တီဂရိတ်အထိ ရှိနေကြောင်း သိရှိရသည်။ ကမ္ဘာ့ဘောလုံးသမားများအဖွဲ့အစည်း (FIFPro) က အပူချိန်မြင့်မားခြင်းက ကစားသမားများအတွက် အကြီးမားဆုံးစိန်ခေါ်မှုဖြစ် ကြောင်းနှင့် အာဖရိကဘောလုံးအာဏာပိုင်များအနေဖြင့် ပွဲကစားချိန်များကို ရွေးချယ်ရာတွင် ရုပ်သံလိုင်းများအဆင်ပြေရေး ထက် ကစားသမားများ၏ကျန်းမာရေးကို ဦးစားပေးသင့်ကြောင်း ထုတ်ပြန်ခဲ့သည်။

FIFPro ၏အစီရင်ခံစာတွင် "၂၀၁၉ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ အပူချိန် မြင့်မားလွန်းတာက ကစားသမားတွေအတွက် စိန်ခေါ်မှုကြီးဖြစ်ပါတယ်။ အုပ်စုပွဲစဉ်တွေကို ဒေသစံတော်ချိန် ညနေ(၄း၃၀)နာရီမှာ ကစား စေတာက ကျွန်တော့်တို့ကို စိုးရိမ်စေပါတယ်။ အာဖရိကဘောလုံးအာဏာပိုင်တွေအနေနဲ့ ရုပ်သံအတွက်ထက် ကစားသမားတွေရဲ့ ကျန်းမာရေးကို ပိုဂရုစိုက်သင့်ပါတယ်။ အပူချိန်(၃၄)ဒီဂရီစင်တီဂရိတ်ထက်ပိုမြင့်တဲ့ အချိန်မှာ ကစားတာက ကစားသမားတွေအတွက် အန္တရာယ်ရှိနိုင်ပါတယ်"ဟု ပါရှိသည်။

 

Most Read

Most Recent