မန္တလေးစည်ပင်သာယာမှ ရောင်းချသည့် တန်ဖိုးမျှတအိမ်ရာကို ဝယ်ယူခွင့်ရရှိသူများထဲမှ ၁၈ ဦး အခန်းပြန်လည်အပ်နှံ

မန္တလေးစည်ပင်သာယာမှ ရောင်းချသည့် တန်ဖိုးမျှတအိမ်ရာကို ဝယ်ယူခွင့်ရရှိသူများထဲမှ ၁၈ ဦး အခန်းပြန်လည်အပ်နှံ
Published 20 September 2018

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ ရောင်းချသည့် တန်ဖိုးမျှတအိမ်ရာကို ဝယ်ယူခွင့်ရရှိသူများထဲမှ ၁၈ ဦး အခန်းပြန်လည် အပ်နှံထားကြောင်း စည်ပင်သာယာရေး ကော်မတီမှ သတင်းရရှိသည်။

အစိုးရဝန်ထမ်းနှင့် ပင်စင်စားဝန်ထမ်းများကိုသာ ရောင်းချပေးခဲ့သည့် ကျပ်သိန်း ၂၆၀ မှ ကျပ်သိန်း ၁၉၀ တန်ဖိုးရှိ မြရည်နန္ဒာ တန်ဖိုးမျှတ အိမ်ခန်းပေါင်း ၆၇၂ ခန်းကို သြဂုတ် ၂၆ ရက်က မဲနှိုက်ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။ ထိုသို့ မဲနှိုက်ရောင်းချပေးခဲ့ရာ မဲပေါက်ပြီး ဝယ်ယူခွင့်ရရှိသူများထဲမှ ၁၈ ဦး အခန်း ပြန်လည်အပ်နှံခဲ့ခြင်းဖြစ်သည်။

“တိုက်ခန်းဝယ်ယူခွင့်ရရှိသူထဲက ၁၈ ဦးကတော့ မဝယ်ယူလိုတဲ့အတွက် အခန်းပြန်အပ်ထားပါတယ်။ နောက်ပြီး ဝယ်ယူခွင့်ရပေမယ့် သတ်မှတ်ရက်ကို ငွေမသွင်းနိုင်တဲ့သူတွေ စာရင်းကိုလည်း ဘဏ်တွေကနေ တစ်ဆင့် စာရင်းပြန်လည် ကောက်ခံနေပါတယ်။ ဘဏ်တွေဆီကရတဲ့ အခန်းစာရင်းတွေရယ်၊ ပြန်အပ်တဲ့အခန်းတွေကို အရင်လျှောက်ထားသူတွေကိုပဲ ပြန်လည်ချထားပေးဖို့ စီစဉ်နေပါတယ်” ဟု စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောကြားသည်။

မန္တလေးမြို့တွင် အကောင်အထည်ဖော်နေသည့် အိမ်ရာစီမံကိန်းများမှာ ယခင်အစိုးရလက်ထက်ကတည်းကဖြစ်ပြီး ပထမဦးဆုံး ရောင်းချခဲ့သည့် အိမ်ရာမှာ အခန်းပေါင်း ၁၃၄၄ ခန်း ပါဝင်သည့် ကျပ်သိန်း ၆၀ မှ ၁၃၀ တန်ဖိုးရှိ တိုက်ခန်းများ ဖြစ်သည်။

Most Read

Most Recent