မြန်မာခရက်ဒစ်ဗျူရိုလီမိတက် (MCBL) အား ချေးငွေသတင်းပို့ခြင်းဆိုင်ရာ လုပ်ငန်းလိုင်စင် ထုတ်ပေးကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် သတင်းထုတ်ပြန်

မြန်မာခရက်ဒစ်ဗျူရိုလီမိတက် (MCBL) အား ချေးငွေသတင်းပို့ခြင်းဆိုင်ရာ လုပ်ငန်းလိုင်စင် ထုတ်ပေးကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် သတင်းထုတ်ပြန်
Published 18 May 2018

မြန်မာခရက်ဒစ်ဗျူရိုလီမိတက် (MCBL) အား ချေးငွေသတင်းပို့ခြင်းဆိုင်ရာ လုပ်ငန်းလိုင်စင် ထုတ်ပေးကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ မေ ၁၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် မြန်မာခရက်ဒစ်ဗျူရိုလီမိတက် (MCBL) မှာ ဘဏ်များ၊ ဘဏ်မဟုတ်သည့် ငွေရေးကြေးရေးအဖွဲ့အစည်းနှင့် အခြားငွေရေးကြေးရေး အဖွဲ့အစည်းများအားလုံး၏ ဆက်သွယ်ဆောင်ရွက်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့် ပတ်သက်သည့် ချေးငွေပြန်လည်ပေးဆပ်မှု သတင်းအချက်အလက်များနှင့် အခြားဆက်စပ်လျက်ရှိသည့် သတင်းအချက်အလက်များကို စုဆောင်းပြီး အဆိုပါ သတင်းအချက်အလက်များကို ငွေထုတ်ချေးသည့် အဖွဲ့အစည်းများသို့ ပြန်လည်ဖြန့်ဖြူးပေးခြင်း ဆောင်ရွက်နိုင်ကြောင်း ပါရှိသည်။

ထိုသို့ လိုင်စင်ထုတ်ပေးခြင်းဖြင့် ဘဏ်များ၊ ဘဏ်မဟုတ်သည့် ငွေရေးကြေးရေး အဖွဲ့အစည်းများမှ အာမခံပစ္စည်းရယူပြီး ချေးငွေထုတ်ချေးသည့် စနစ်တစ်ရပ်အပေါ် မှီခိုမှုအား လျှော့ချသွားနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ချေးငွေအချက်အလက်များကို အသုံးပြု၍ ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူ၏ ငွေချေးရန် ထိုက်တန်မှုအား အကဲဖြတ်ကာ ချေးငွေများ ပိုမိုလွယ်ကူစွာ ထုတ်ချေးလာနိုင်မည်ဖြစ်ပြီး အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ အနေဖြင့်လည်း ချေးငွေရရှိနိုင်မှု အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent