လုံးခင်း၊ ဖားကန့်၊ မိုးကုတ်၊ ခန္တီး၊ မိုင်းရှူးနှင့် မိုးညှင်းရတနာနယ်မြေများရှိ လုပ်ကွက် ၂၈၀ ကျော် ဇွန်လတွင် သက်တမ်းကုန်ဆုံးကြောင်း ထုတ်ပြန်

လုံးခင်း၊ ဖားကန့်၊ မိုးကုတ်၊ ခန္တီး၊ မိုင်းရှူးနှင့် မိုးညှင်းရတနာနယ်မြေများရှိ လုပ်ကွက် ၂၈၀ ကျော် ဇွန်လတွင် သက်တမ်းကုန်ဆုံးကြောင်း ထုတ်ပြန်
Published 18 May 2018

လုံးခင်း၊ ဖားကန့်၊ မိုးကုတ်၊ ခန္တီး၊ မိုင်းရှူး နှင့် မိုးညှင်းရတနာနယ်မြေများရှိ ကျောက်မျက်တူးဖော်ရေး လုပ်ကွက် ၂၈၀ ကျော်မှာ ဇွန်လတွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

ဇွန်လတွင် လုံးခင်း၊ ဖားကန့်ရတနာနယ်မြေ၌ လုပ်ကွက် ၁၉၆ ခု၊ မိုင်းရှူးတွင် လုပ်ကွက်သုံးခု၊ မိုးကုတ်တွင်လုပ်ကွက် ၇၃ ခု၊ ခန္တီးတွင် လုပ်ကွက်ခုနစ်ခု၊ မိုးညှင်းရှိ လုပ်ကွက်နှစ်ခုတို့မှာ သက်တမ်းကုန်ဆုံးကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ဇွန်လတွင် သက်တမ်းကုန်မည့် လုပ်ကွက်စုစုပေါင်း ၂၈၁ ခုရှိကြောင်း သိရသည်။ ၂၀၁၈ ခုနှစ် မေလတွင် သက်တမ်းကုန်ဆုံးခဲ့သည့် လုပ်ကွက်ပေါင်း ၆၉၈ ခုရှိခဲ့ပြီး ၂၀၁၈ ခုနှစ် ဧပြီလတွင် သက်တမ်းကုန်ဆုံးသည့် လုပ်ကွက်စုစုပေါင်း ၂၃၄ ခုရှိကြောင်း သိရသည်။ ၂၀၁၈ ခုနှစ် မတ်လတွင် သက်တမ်းကုန်ဆုံးသည့် လုပ်ကွက် စုစုပေါင်း ၁၉၈ ခုရှိကြောင်း သိရသည်။

မိုင်းရှူးရှိ လုပ်ကွက်သုံးခုမှာ ၂၀၁၅ ခုနှစ်က လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး မိုးကုတ်ရှိ လုပ်ကွက် ၇၃ ခုမှာလည်း ၂၀၁၅ ခုနှစ်က လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လုံးခင်း၊ ဖားကန့်ရှိ လုပ်ကွက် ၁၉၆ ခုမှာ ၂၀၁၁ နှင့် ၂၀၁၅ ခုနှစ်တို့တွင် လုပ်ကိုင်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။ ခန္တီးရှိ လုပ်ကွက်ခုနစ်ခုကို ၂၀၁၅ ခုနှစ်က လုပ်ကိုင်ခွင့်ပေးခဲ့ခြင်းဖြစ်ပြီး မော်လူး၊ မော်ဟန်(မိုးညှင်း) ရတနာနယ်မြေရှိ လုပ်ကွက်နှစ်ခုမှာလည်း ၂၀၁၅ ခုနှစ်က လုပ်ကိုင်ခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent