Yangon New World စီမံကိန်းနှင့် ပတ်သက်၍ စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများ မလိုက်နာသည့်အတွက် မြရိပ်ညိုဟိုတယ် အပါအဝင် ဆက်စပ်မြေနေရာလုပ်ပိုင်ခွင့်များအား ဇေကမ္ဘာကုမ္ပဏီထံမှ တပ်မတော်က ပြန်လည်ပိတ်သိမ်း

Yangon New World စီမံကိန်းနှင့် ပတ်သက်၍ စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများ မလိုက်နာသည့်အတွက် မြရိပ်ညိုဟိုတယ် အပါအဝင် ဆက်စပ်မြေနေရာလုပ်ပိုင်ခွင့်များအား ဇေကမ္ဘာကုမ္ပဏီထံမှ တပ်မတော်က ပြန်လည်ပိတ်သိမ်း
Published 4 October 2018

မြရိပ်ညိုစီမံကိန်း အတွင်းပိုင်းတစ်နေရာကို ဇွန်လဆန်းပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-နေဝန်းထက်)

ရန်ကုန်တိုင်းဒေသကြီး ၊ဗဟန်းမြိ့နယ်ရှိ မြရိပ်ညိုဟိုတယ်ဟောင်း မြေနေရာတွင် Yangon New World စီမံကိန်းနှင့်ပတ်သက်၍  ဇေကမ္ဘာကုမ္ပဏီမှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကိစ္စ အား အောက်တိုဘာ ၃ ရက်က တပ်မြို့စည်ပင်သာယာရေးအဖွဲ့(ရန်ကုန်)ရုံးတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

အဆိုပါ စီမံကိန်းနှင့်ပတ်သက်ပြီး ဇေကမ္ဘာကုမ္ပဏီမှ စစ်ထောက်ချုပ်ရုံးနှင့်ချုပ်ဆိုထားသော MOAစာချုပ်အား ဇေကမ္ဘာကုမ္ပဏီမှ လိုက်နာခြင်းမရှိသည့်အပြင် ရှေးဟောင်းသမိုင်းဝင် အဆောက်အအုံ ၂ လုံးအား ဖြိုဖျက်ခြင်းနှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအား ခွင့်ပြုချက်မရှိဘဲ ခွင့်ပြု ထားသကဲ့သို့ သတင်းများ နိုင်ငံပိုင်သတင်းစာတွင်  မှားယွင်းထည့်သွင်းဖော်ပြခဲ့ခြင်းတို့ကြောင်း ဇေကမ္ဘာကုမ္ပဏီမှ တပ်ပိုင်မြေနေရာတွင် စီးပွားရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်ခွင့်မပြုဘဲ ပိတ်သိမ်းကြောင်း  တပ်မြို့စည်ပင်သာယာရေးအဖွဲ့(ရန်ကုန်)ရုံးမှ အတွင်းရေးမှူး ဦးမိုးမင်းဝင်းက  ရှင်းလင်းပြောကြားခဲ့သည်။

‘’စစ်ထောက်ချုပ်ရုံးနဲ့ ဇေကမ္ဘာကုမ္ပဏီလီမိတက်အနေနဲ့ ၁၆ ရက် ၁ လ ၂၀၁၄ ရက်နေ့မှာ MOA စာချုပ်ချုပ်ဆိုပြီးတော့ ဟိုတယ်လုပ်ငန်းများ ဆောင်ရွက်စေခဲ့ပါတယ်။ကုမ္ပဏီကနေ မြေအသုံးချမှုအတွက် စာချုပ်ချုပ်ဆိုပြီး ၂ နှစ်အတွင်း (၅) ကြိမ် ပေးသွင်းရမည်ဖြစ်သော်လည်း ၎င်းတို့အနေနဲ့က ၂ ကြိမ်သာပေးသွင်း ခဲ့ပါတယ်။ကျန်ငွေများကို ယနေ့အချိန်အထိ ပေးသွင်းမှုမရှိပါဘူး။တရုတ်နိုင်ငံအခြေပြု Hunan Land Overseas Real Estate  Development Co.,Ltd အကျိုးတူပူးပေါင်း ဆောင်ရွက်ရန် ခွင့်ပြုချက်တစ်စုံတစ်ရာ မရှိဘဲ ပူးပေါင်း ဆောင်ရွက်တဲ့ သတင်းများထုြတ်ပန်ခဲ့ပါတယ်။ ဒါ့အပြင် ကုမ္ပဏီအနေနဲ့ BOT စာချုပ်ချုပ်ဆိုနိုင်ခြင်းမပြုမီ သက်ဆိုင်ရာသို့ တင်ပြခွင့်ပြုချက်မရှိဘဲ ရှေးဟောင်းသမိုင်းဝင် အဆောက်အဦး ၂ လုံးနဲ့ အခြားအဆောက်အဦး ၂ လုံးတို့ကို  ဖြိုဖျက်ခဲ့တာတွေကို ဖောက်ဖျက်ကျူးလွန်ခဲ့တာကြောင့်  ၂၀၁၈ ခုနှစ် ၅ လပိုင်း ၁၀ ရက်နေ့မှာ ဇေကမ္ဘာကုမ္ပဏီလီမိတက်ရဲ့ ဥက္ကဋ္ဌဖြစ်သူထံကို လုပ်ငန်းများအား ဆက်လက်လုပ်ရန် အကြောင်းမရှိတဲ့အတွက် လုပ်ငန်းပိတ်သိမ်းဆောင်ရွက်ဖို့ အကြောင်းကြား ခဲ့ပါတယ်’’ဟု တပ်မြို့စည်ပင်သာယာရေးအဖွဲ့(ရန်ကုန်)ရုံးမှ အတွင်းရေးမှူး ဦးမိုးမင်းဝင်းက  ပြောကြားသည်။

ထို့ပြင် ထပ်မံ၍ စီမံကိန်းမြေနေရာတွင် မြေတူးဖော်များကြောင့် အများပြည်သူများ အသုံးပြုနေသည့် ကုက္ကိုင်းရေလှောင်ကန် ဆက်စပ်မြေနေရာများ ထိခိုက်နိုင်သဖြင့် စိုးရိမ်မှုများရှိနေပြီး ကန့်ကွက်မှုများ ရှိသဖြင့် မြို့တော်စည်ပင်မှတားမြစ်ထားကြောင်းအား ၂၀၁၈ခုနှစ်၊ဇွန် ၁၁ရက်ထုတ် Daily Eleven သတင်းစာတွင် ဖော် ပြခဲ့ကြောင်းလည်း တွေ့ရှိရသဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့လည်း စီမံကိန်းလုပ်ငန်းအား ခွင့်ပြုခြင်းမရှိရန် အကြောင်းကြားခဲ့ကြောင်း အတွင်းရေးမှူး ဦးမိုးမင်းဝင်းက  ပြောကြားသည်။

‘’ပိတ်သိမ်းတယ်ဆိုတာက အားလုံးကို ပိတ်သိမ်းတာပါ။ကျွန်တော်တို့က MOA ချုပ်ထားတဲ့ မြေဧကအားလုံးကို ပိတ်သိမ်းတာပါ။ကျွန်တော်တို့ BOT မချုပ်တော့ဘူး။ လုပ်ပိုင်ခွင့်ကိုပါ ပိတ်သိမ်းတာပါ’’ဟု အတွင်းရေးမှူး ဦးမိုးမင်းဝင်းက  ပြောကြားသည်။

ဇေကမ္ဘာကုမ္ပဏီနှင့် MOA စာချုပ် သဘောတူညီချက်အတိုင်း မြေအသုံးချခကို အမေရိကန်ဒေါ်လာ ၄၁ဒသမ ၃၈၂သန်းအား ၂ နှစ်အတွင်း ငါးကြိမ်ခွဲပြီး ပေးသွင်းရမည်ဖြစ်ကြောင်း၊ သတ်မှတ်ကာလအတွင်း  နှစ်ကြိမ် အတွက် အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၈၂၉ သန်းအား ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၆ ရက်တွင် နောက်ဆုံးပေးသွင်းရမည်ဖြစ်သော်လည်း ယနေ့အထိပေးသွင်းမှု မရှိသဖြင့် အကြိမ်ကြိမ်နှိုးဆော်သတိပေးခဲ့ပြီး ကုမ္ပဏီမှ ငွေပေးသွင်းခဲ့ခြင်း မရှိသောကြောင့် စာချုပ်သဘောတူညီချက်အား လိုက်နာရန်ပျက်ကွက်ခဲ့သည့်အပြင် လက်ရှိတွင်လည်း မြရိပ်ညိုဟုတယ်၊ခန်းမတို့အား ဆက်လက်၍ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိကြောင်း သတင်းစာရှင်းလင်းပွဲမှ သိရသည်။

လက်ရှိတွင် ဇေကမ္ဘာကုမ္ပဏီအနေဖြင့် တရုတ်နိုင်ငံအခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သည့် China State Construction Enginering Corporationနှင့် ပူးပေါင်း၍ ဒေါ်လာသန်း ၅၀၀ ရင်းနှီးမြုပ်နှံပြီး Yangon New World စီမံကိန်းအား အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း ကြေးမုံသတင်းစာတွင် ဖော်ပြပါရှိသည်ကို တွေ့ရှိရကြောင်း၊ ဇေကမ္ဘာကုမ္ပဏီလီမိတက်အနေဖြင့် ၂၀၁၄ ခုနှစ်က စစ်ထောက်ချုပ်ရုံးနှင့် ချုပ်ဆိုထားသော MOA စာချုပ်ပါ စည်းကမ်းများအား လိုက်နာခြင်းမရှိသည့်အပြင် ရှေးဟောင်းသမိုင်း အဆောက်အဦး ၂ လုံးအပါအဝင်  အခြားအဆောက်အဦး ၂ လုံးတို့အား ဖြိုဖျက်ခဲ့ခြင်း၊နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအား ခွင့်ပြုချက်မရှိဘဲ ခွင့်ပြုထားပြီးသကဲ့သို့ အတည်ပြုသတင်းများအား နိုင်ငံပိုင်သတင်းစာများ၌ ထည့်သွင်းဖော်ပြခဲ့ခြင်းတို့အားတွေ့ရှိသဖြင့်  ၎င်း ဆောင်ရွက်မှုများအားလုံး ကန့်ကွက်ကြောင်းနှင့် ဇေကမ္ဘာကုမ္ပဏီမှ တပ်မတော်ပိုင်မြေနေရာတွင် စီးပွားရေးလုပ်ငန်းမျာအား ဆက်လက် ဆောင်ရွက်ခွင့်မပြုဘဲ ရပ်ဆိုင်းရန်အကြောင်းကြားထားပြီးဖြစ်ကြေငာ်း သိရသည်။

ထို့ပြင် တပ်မတော်ပိုင် မြရိပ်ညိုဟိုတယ်မြေ၊ဟိုတယ်ဝန်းအမှတ်(၂)မြေဧရိယာ ၆ ဒသမ ၈၇၉ ဧကအတွင်း ဆောက်လုပ်ထားရှိသော အဆောက်အဦး ၁၂ လုံးအနက် မြို့တော်ဝန်အိမ် House (c)၊ Show Room၊ House (D)၊နှင့် House (E)အဆောက်အဦး လေးလုံး အား ဇေကမ္ဘမကုမ္ပဏီမှ ဖျက်သိမ်းခဲ့ရာ အဆိုပါ အဆောက်အဦး လေးလုံးတို့တွင် မြို့တော်ဝန်ဧည့်ဂေဟာဟောင်း House (D)(မြရိပ်ညိုရွိှုင်ရယ်ဟိုတယ်)နှင့် မြို့တော်ဝန်အိမ်ဟောင်း House (c)(မြရိပ်ညိုရွိုင်ရယ်ဟိုတယ်)သည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ  ရှေဟောင်းလက်ရာ အဆောက်အဦးအဖြစ် သတ်မှတ်ကြောင်း ၁၉၉၆ခုနှစ် ဇွန်လတွင် ကြေညာခဲ့သော ရှေးဟောင်းလက်ရာအဆောက်အအုံစာရင်းဝင် ဖြစ်ေကြောင်းကို ၂၀၁၈ ခုနှစ် သြဂုတ် ၁၇ က်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အမှတ်(၉၅၄)၊ဆောက်လုပ်ရေးတပဲခွဲ(အင်ဂျင်နီယာ) တပ်မှူးထံ အကြောင်းပြန်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent