ဒလ၊ ကော့မှူးနှင့် ကွမ်းခြံကုန်းမြို့နယ်များရှိ မြေဧက ၂၀၀၀၀ ခန့်တွင် အကောင်အထည်ဖော်မည့် ရန်ကုန်အထူးစီးပွားရေးဇုန် စီမံကိန်းမှာ ပြည်ထောင်စုအစိုးရက ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းအတည်ပြုချက်ယူ ဆောင်ရွက်မည့် စီမံကိန်းဖြစ်ကြောင်း သိရ

ဒလ၊ ကော့မှူးနှင့် ကွမ်းခြံကုန်းမြို့နယ်များရှိ မြေဧက ၂၀၀၀၀ ခန့်တွင် အကောင်အထည်ဖော်မည့် ရန်ကုန်အထူးစီးပွားရေးဇုန် စီမံကိန်းမှာ ပြည်ထောင်စုအစိုးရက ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းအတည်ပြုချက်ယူ ဆောင်ရွက်မည့် စီမံကိန်းဖြစ်ကြောင်း သိရ
Published 7 August 2018

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သည့် ရန်ကုန်အထူးစီးပွားရေးဇုန် အကောင်အထည်ဖော် ဆောင်နိုင်ရေး အစည်းအဝေးကို တွေ့ရစဉ်

ဒလ၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များရှိ မြေဧက ၂၀၀၀၀ ခန့်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ရန်ကုန်အထူးစီးပွားရေးဇုန် (Yangon Special Economic Zone) စီမံကိန်းမှာ ပြည်ထောင်စုအစိုးရမှ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းပြီး အတည်ပြုချက်ရယူ ဆောင်ရွက်မည့် စီမံကိန်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၏ ဒေသဖွံ့ဖြိုးရေး အဆိုပြုချက်များတွင် ဖော်ပြထားမှုအရ သိရသည်။

အဆိုပါ အထူးစီးပွားရေးဇုန်စီမံကိန်း အတွက် လတ်တလောတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးများ ကျင်းပနေပြီး Yangon SEZ စီမံကိန်းတွင် ရေနက်ဆိပ်ကမ်း ပါဝင်လာနိုင်မည်ဖြစ်သည်။

စက်မှုထုတ်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး၊ နိုင်ငံတော်၏ ကုန်သွယ်ရေးကဏ္ဍ တိုးတက်လာစေရန်နှင့် နိုင်ငံခြားငွေစီးဝင် ပိုမိုကောင်းမွန်လာစေရန် ရည်ရွယ်လုပ်ဆောင်သည့် ရန်ကုန်တိုင်းဒေသကြီးဒေသ ဖွံ့ဖြိုးရေး အဆိုပြုထားသည့် စီမံကိန်း ၂၀ ကျော်ရှိပြီး အဆိုပါစီမံကိန်းများတွင် အိမ်ရာစီမံကိန်းများ အဆင့်မြှင့်တင်ခြင်း အပါအဝင် မြို့သစ်စီမံကိန်းများ၊ စက်မှုဇုန်များ၊ Dry Port စီမံကိန်းများ၊ ညောင်နှစ်ပင်စက်မှုဇုန်၊ မိုးပျံအမြန်လမ်းမကြီးစီမံကိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှ မှတ်တမ်းသာတင်ခဲ့သည့် စည်ပင်သာယာ နယ်နိမိတ်ပြင်ပ ၁၁ မြို့နယ်တွင် စက်မှုဇုန် ၁၁ ဇုန် တည်ဆောက်ခြင်းများ ပါဝင်သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လုပ်ဆောင်နေသည့် ရန်ကုန်မြို့သစ်စီမံကိန်း ဆက်လက်အကောင်အထည်ဖော်ရန်မှာ နိုင်ငံတော်သမ္မတဦးဝင်းမြင့် မှတ်ချက်ပြု ပြောကြားမှုများကြောင့် စီမံကိန်းဖြစ်နိုင်ချေ နည်းပါးနေပြီး ရန်ကုန်တိုင်းဒေသကြီး၏ ဒေသဖွံ့ဖြိုးရေး အဆိုပြု စီမံကိန်းအချို့မှာလည်း ကန့်ကွက်ခံရမှုများ ရှိနေသည်။

ရန်ကုန်မြို့နှင့် အဓိကချိတ်ဆက်မည့် ရန်ကုန်-ဒလတံတား တည်ဆောက်ခြင်း စီမံကိန်း အပါအဝင် ဒလ၊ ကော့မှူးနှင့် ကွမ်းခြံကုန်းမြို့နယ်များတွင် လုပ်ဆောင်သွားမည့် စီမံကိန်း လေးခုခန့်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေး အဆိုပြုချက်များတွင် ဖောြ်ပထားသည်။

အဆိုပါ စီမံကိန်းများမှာ ပြည်နယ်/ တိုင်းဒေသကြီး ၁၀ ခုရှိ မြို့နယ် ၃၃ မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်ရန် စီစဉ်ထားပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှည်းကူး၊ ဒဂုံဆိပ်ကမ်း၊ ခရမ်း/သုံးခွ၊ ကွမ်းခြံကုန်း၊ တွံတေး၊ ကော့မှူးမြို့နယ်များတွင် ဆောင်ရွက်မည့် လယ်ယာစီးပွားရေး ဝန်ဆောင်မှုစင်တာ စီမံကိန်း၊ တွံတေးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်နှင့် ကော့မှူးမြို့နယ်များတွင် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဦးဆောင်၍ ငါးလုပ်ငန်းဖွံ့ဖြိုးရန် လျာထားဆောင်ရွက်မည့် ဧက ၁၀၀၀၀ စီမံကိန်း၊ ကော့မှူးမြို့နယ်၊ သရက်တော (ဧက ၅၀၀) တွင် ဘက်စုံသုံးဆိပ်ကမ်းနှင့် စက်မှုစီးပွားရေးဇုန် တည်ဆောက်ရေးစီမံကိန်းနှင့် ရန်ကုန်အထူးစီးပွားရေးဇုန် စီမံကိန်းတို့ ဖြစ်သည်။

Most Read

Most Recent