ဖမ်းဆီးရမိသော ဘိန်းဖြူများနှင့် ဆက်စပ်ပစ္စည်းများကို တွေ့ရစဉ်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူ တစ်ဦးထံမှ သြဂုတ် ၄ ရက် ညနေပိုင်းက ကျပ်သိန်း ၃၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မြစ်ကြီးနား မူးယစ်တပ်စု ၂ မှ ရဲအုပ်စိုင်စံဖေ ဦးဆောင်သော အဖွဲ့ဝင်များနှင့် ရဲအုပ်ထွန်းထွန်းဝင်း ဦးဆောင်သော အဖွဲ့ဝင်များက ကြိုတင်သတင်းအရ မြစ်ကြီးနားမြို့ မင်းရပ်ကွက် စည်ပင်သာယာဈေး အနီးတွင် ကားပေါ်မှ ဆွဲခြင်းယူဆောင်လာသူအား KBC ဘုရားကျောင်း အနီးတွင် ဖမ်းဆီးရာ သီးနှံများနှင့်ရောလျက် ဘိန်းဖြူ ၃၃ ခွက် အလေးချိန် ၄၁၁ ဂရမ် ကာလတန်ဖိုးကျပ် ၃၂,၈၈၀,၀၀၀ ကို လက်ကိုင်ဖုန်းတစ်လုံး အပါအဝင် သိမ်းဆည်းမိပြီး သယ်ဆောင်လာသည့် ဆက်စပ်တရားခံဖြစ်သူ ဦးမြင့်စံကိုပါ ကားအတွင်း ဘိန်းဖြူ ၀ ဒသမ ၃ ဂရမ်ကို သယ်ဆောင်လာသည့် ပါရာဒို YGN-4J/---- တစ်စီး၊ လက်ကိုင်ဖုန်းနှစ်လုံးနှင့် မှတ်ပုံတင်မိတ္တူတို့ကို သိမ်းဆည်းရမိခဲ့သည်။ ဆက်စပ်ဖော်ထုတ်ချက်အရ ဝါရှောင်းကျေးရွာရှိ မြင့်စံ၏ နေအိမ်ကို သွားရောက်ရှာဖွေရာ Crown အမျိုးအစား မော်တော်ယာဉ် နောက်ခန်းမှ ဘိန်းဖြူခြောက်ဂရမ်ပါ တစ်ဘူး ဖမ်းဆီးရမိခဲ့သည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး မဒေါင်ညွယ်အား မြစ်ကြီးနား မြို့မစခန်းတွင် မူးယစ်ပုဒ်မ မယ (ပ)၂၇/၂၀၁၇၊ မူးစိတ်ပုဒ်မ ၁၅/၁၉(က)/၂၁ နှင့် မြင့်စံအား မယ(ပ)၂၈/၂၀၁၇ မူးစိတ်ပုဒ်မ ၁၅/၁၉ (က)အရ အမှုဖွင့် ဆောင်ရွက်နေကြောင်း သိရသည်။
Writer: ထွန်းလင်းအောင်