ရန်ကုန်မြစ်အတွင်း စက်သုံးဆီတင်ရေယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ခြင်းကြောင့် ဒီဇယ်ဆီဂါလံ ၈၀၀ ခန့် ဆုံးရှုံးခဲ့ပြီး သင်္ဘောလုပ်သားနှစ်ဦး သေဆုံးကာ နှစ်ဦး ပျောက်ဆုံးနေကြောင်း နစက ထုတ်ပြန်

ရန်ကုန်မြစ်အတွင်း စက်သုံးဆီတင်ရေယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ခြင်းကြောင့် ဒီဇယ်ဆီဂါလံ ၈၀၀ ခန့် ဆုံးရှုံးခဲ့ပြီး သင်္ဘောလုပ်သားနှစ်ဦး သေဆုံးကာ နှစ်ဦး ပျောက်ဆုံးနေကြောင်း နစက ထုတ်ပြန်
Published 1 March 2024

ရန်ကုန်မြစ်အတွင်း စက်သုံးဆီတင်ရေယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ခြင်းကြောင့် ဒီဇယ်ဆီဂါလံ ၈၀၀ ခန့် ဆုံးရှုံးခဲ့ပြီး သင်္ဘောလုပ်သားနှစ်ဦး သေဆုံးကာ နှစ်ဦးပျောက်ဆုံးနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်ရှိ ရန်ကုန်မြစ်အတွင်း သင်္ဘောတစ်စီး မီးလောင်နေကြောင်း သတင်းအရ ယနေ့(မတ် ၁ ရက်) ၂ နာရီ ၂၀ မိနစ်ခန့်တွင် ရန်ကုန်မြစ်အတွင်း လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခြင်း၊ မီးငြိမ်းသတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ MV သင်္ဂဇာရေယာဉ်ပေါ်သို့ ဣန္ဒာ-၆ ရေယာဉ်မှ ဆီဂါလံ ၂၅၀၀ ပေးပို့နေစဉ် ဣန္ဒာ-၆ ရေယာဉ်ပေါ်တွင် မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပြည်တွင်းရေကြောင်းမှ နတ်သား- ၂ မီးသတ်သင်္ဘောဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၂၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း နစကမှ ထုတ်ပြန်သည်။

မီးလောင်ပေါက်ကွဲမှုကြောင့် MV သင်္ဂဇာ ရေယာဉ်ပေါ်မှ သင်္ဘောလုပ်သား နှစ်ဦးသေဆုံးကာ နှစ်ဦးပျောက်ဆုံးနေကြောင်း၊ မီးလောင်မှုကြောင့် ဣန္ဒာ -၆ ရေယာဉ်၏ ပျက်စီးဆုံးရှုံးမှုတန်ဖိုး​ကျပ်သိန်း ၈၀ ရှိခဲ့ကြောင်းနှင့် ဒီဇယ်ဆီဂါလံ ၈၀၀ ခန့် ဆုံးရှုံးခဲ့ရကြောင်း နစကမှ ထုတ်ပြန်သည်။

Most Read

Most Recent