ဝက်စ်ဟမ်းအသင်းက မိမိတို့ထက် ပိုကောင်းခဲ့ကြောင်း ဆိုးလ်ရှား ဝန်ခံ

ဝက်စ်ဟမ်းအသင်းက မိမိတို့ထက် ပိုကောင်းခဲ့ကြောင်း ဆိုးလ်ရှား ဝန်ခံ
Photo: Getty Images
Photo: Getty Images
Published 14 April 2019

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ဝက်စ်ဟမ်းအသင်းကို (၂-၁) ဂိုးဖြင့် အနိုင်ရခဲ့သော်လည်း ယင်းပွဲစဉ်တွင် ဝက်စ်ဟမ်းအသင်းက မိမိတို့ထက် ပိုကောင်းခဲ့ကြောင်း ဝန်ခံပြောကြားခဲ့သည်။

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ဝက်စ်ဟမ်းအသင်းကို (၂-၁) ဂိုးဖြင့် အနိုင်ရခဲ့သော်လည်း ယင်းပွဲစဉ်တွင် ဝက်စ်ဟမ်းအသင်းက မိမိတို့ထက် ပိုကောင်းခဲ့ကြောင်း ဝန်ခံပြောကြားခဲ့သည်။

မန်ယူအသင်းသည် ပြီးခဲ့သည့်စနေနေ့က ဝက်စ်ဟမ်းအသင်းနှင့် ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိသော်လည်း ပေါ့ဘာ၏ ပယ်နယ်တီ (၂) ဂိုးကြောင့် (၂-၁) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ဝက်စ်ဟမ်းအသင်းနှင့်ပွဲတွင် မိမိတို့ကံကောင်းခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။

ဆိုးလ်ရှားက "တစ်ခါတလေမှာ ကိုယ်နဲ့ထိုက်တန်တာထက် ပိုပြီးရတာထက်မျိုးတွေ ရှိပါတယ်။ ဝက်စ်ဟမ်းနဲ့ ပွဲမှာတော့ ကျွန်တော်တို့ အဲဒီလိုဖြစ်ခဲ့တာပေါ့။ ဒါပေမဲ့ အာဆင်နယ်၊ ဝက်ဖို့ဒ်တို့နဲ့ ကစားတုန်းက ကျွန်တော်တို့ နိုင်သင့်ပေမယ့် ရှုံးနိမ့်ခဲ့တယ်။ ဘာစီလိုနာနဲ့တုန်းကလည်း ကျွန်တော်တို့ ကံဆိုးခဲ့တယ်။ ဒီနေ့ပွဲမှာတော့ ဝက်စ်ဟမ်းအသင်းက အကောင်းဆုုံးကစားနိုင်ခဲ့တယ်။ ဝက်စ်ဟမ်းက ကျွန်တော်တို့ထက် ပိုကောင်းခဲ့တယ်။ အခွင့်အရေးတွေလည်း ပိုဖန်တီးနိုင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့က သူတို့ထက် ကံပိုကောင်းခဲ့ပါတယ်"ဟု ပြောကြားခဲ့သည်။

ထို့ပြင် ဆိုးလ်ရှားက ဝက်စ်ဟမ်းအား အနိုင်ရသည့်ပွဲတွင် လက်စွမ်းပြခဲ့သည့် အသင်းဂိုးသမား ဒီဟေးယားမှာ ကမ္ဘာ့အကောင်းဆုံးဂိုးသမားများထဲမှ တစ်ဦးဖြစ်ပြီး အသင်းနိုင်ပွဲရခဲ့ခြင်းမှာ ဒီဟေးယားကြောင့် ဖြစ်သည်ဟု ပွဲအပြီးတွင် ချီးကျူးပြောကြားခဲ့သည်။ 

■ ဧပြီလ (၁၃) ရက်က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်ရလဒ်များ

စပါး ၄-၀ ဟတ်ဒါဖီးလ်

ဘရိုက်တန် ၀-၅ ဘုန်းမောက်

ဘန်လေ ၂-၀ ကာဒစ်ဖ်

ဖူလ်ဟမ် ၂-၀ အဲဗာတန်

ဆောက်သမ်တန် ၃-၁ ဝုလ်ဗ်

မန်ယူ ၂-၁ ဝက်စ်ဟမ်း

Most Read

Most Recent