နိုင်ငံတကာခြေစမ်းပွဲများ ပွဲကြိုသုံးသပ်ချက်

နိုင်ငံတကာခြေစမ်းပွဲများ ပွဲကြိုသုံးသပ်ချက်
Photo: X
Photo: X
Published 21 March 2024

ရုရှား နှင့် ဆားဘီးယား (မြန်မာစံတော်ချိန် ကြာသပတေးည ၁၁း၃၀ နာရီ)

ဆားဘီးယားအသင်းမှာ စီးရီးအေနဲ့ ဆော်ဒီလိဂ်ရောက် အမာခံကစားသမားတွေအပြင် ချယ်လ်ဆီးက ပတ်ထရိုဗစ်နဲ့ ဖူလ်ဟမ်က လူကစ်တို့ကိုပါ ရွေးချယ်ထားတယ်။ ခြေစမ်းပွဲတွေသာ ကစားနေရတဲ့ ရုရှားအသင်းမှာတော့ မိုနာကိုက ဂိုလိုဗင်၊ အတ္တလန်တာက မီရန်ချု့ခ်နဲ့ ဆိုစီဒက်က ဇာခါယန်တို့လောက်ပဲ ထင်ရှားတဲ့ကစားသမား ရှိတော့တယ်။ အိမ်ကွင်းဖြစ်လို့ ရုရှား မရှုံးလောက်ဘူး။

မော်လ်တာ နှင့် ဆလိုဗေးနီးယား (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၃၀ နာရီ)

ယူရိုခြေစစ်ပွဲအောင်မြင်ထားတဲ့ ဆလိုဗေးနီးယားအသင်း နဲ့ မော်လ်တာကြားမှာ ခြေစွမ်းကွာဟချက် ကြီးမားပါတယ်။ မော်လ်တာအနေနဲ့ အိမ်ကွင်းပရိသတ်ရှေ့ ကစားရတာကလွဲရင် ဆလိုဗေးနီးယားကို ယှဉ်နိုင်ဖို့ မရှိပါဘူး။ ဆလိုဗေးနီးယား အနိုင်သေချာပါတယ်။

ပေါ်တူဂီ နှင့် ဆွီဒင် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၁၅ နာရီ)

ပေါ်တူဂီအသင်းက နိုင်ငံတကာပွဲ မှတ်တမ်းကောင်းတွေ ဆက်တိုက်ရယူထားတယ်။ ယူရိုခြေစစ်ပွဲမှာ ရာနှုန်းပြည့် (၁၀) ပွဲစလုံး အနိုင်ယူပြီး ပေါ်တူဂီတို့ စောစောစီးစီး ခြေစစ်ပွဲအောင်မြင်ခဲ့တာပါ။ အခု နိုင်ငံတကာပွဲတွေအတွက် အသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုအပါအဝင် ဘာနာဒိုဆေးလ်ဗား၊ ဘရူနိုဖာနန်ဒက်စ်အစရှိတဲ့ အဓိကကစားသမားအားလုံးကို ခေါ်ယူထားပြီး ယူရိုပြိုင်ပွဲအတွက် အသေအချာပြင်ဆင်ပါလိမ့်မယ်။

ဆွီဒင်အသင်းမှာ အီဆက်ခ်၊ ကူလူဆက်ဗ်စကီး၊ လင်ဒီလော့ဖ်တို့ရှိပေမဲ့ ယူရိုခြေစစ်ပွဲတောင် မအောင်မြင်ခဲ့ဘူး။ ပေါ်တူဂီမြေမှာ အိမ်ရှင် နိုင်ပွဲဆက်ဦးမယ်။

အန်ဒိုရာ နှင့် တောင်အာဖရိက (မြန်မာစံတော်ချိန် သောကြာနံနက် ၃း၃၀ နာရီ)

တောင်အာဖရိကအသင်းက အာဖရိကနိုင်ငံများဖလားမှာ မော်ရိုကိုလိုအသင်းကိုတောင် အနိုင်ကစားခဲ့ပြီး တတိယနေရာ ရယူထားတဲ့အသင်းပါ။ အယ်လ်ဂျီးရီးယားမြေမှာ တောင်အာဖရိက ဂိုးပြတ်နိုင်ဖို့များတယ်။

အီတလီ နှင့် ဗင်နီဇွဲလား (မြန်မာစံတော်ချိန် သောကြာနံနက် ၃း၃၀ နာရီ)

ယူရိုပြိုင်ပွဲ လက်ရှိချန်ပီယံ အီတလီအသင်း ခြေစစ်ပွဲကိုတောင် နောက်ဆုံးပွဲစဉ်ကျမှ အောင်မြင်ထားတာဖြစ်တယ်။ ဗင်နီဇွဲလားကတော့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေ ကစားထားတဲ့ခြေစွမ်းအတိုင်းဆို တိုးတက်လာတယ်လို့ ပြောရမယ်။ အီတလီအသင်း ဂိုးပြတ်၊ မပြတ်ပဲ ကြည့်ရမယ်။

ဘီလာရုစ် နှင့် မွန်တီနီဂရိုး (မြန်မာစံတော်ချိန် ကြာသပတေးည ၁၁း၃၀ နာရီ)

မွန်တီနီဂရိုးအသင်းမှာ ယိုဗီတစ်၊ ဆာဗစ်၊ မာရူရှစ်စတဲ့ အဓိကကစားသမားတွေကို ရွေးချယ်ထားတယ်။ အခုပွဲကို ကြားကွင်းဖြစ်တဲ့ တူရကီမြေမှာ ကစားမှာဖြစ်ပြီး မွန်တီနီဂရိုး အနိုင်ကစားလိမ့်မယ်။

Most Read

Most Recent