■ အလွန်ဆိုအတွက် လျော်ကြေး ယူရို(၁၅)သန်းမှ (၂၅)သန်းကြား ပေးချေရမည်     

■ အလွန်ဆိုအတွက် လျော်ကြေး ယူရို(၁၅)သန်းမှ (၂၅)သန်းကြား ပေးချေရမည်     
Photo: Getty Images
Photo: Getty Images
Published 1 March 2024

လီဗာပူးလ်အသင်းနှင့် ဘိုင်ယန်မြူးနစ်အသင်းတို့သည် လေဗာကူဆင်အသင်းမှ စပိန်နည်းပြ ရှာဘီအလွန်ဆိုကို ခေါ်ယူရန် အပြိုင်ပစ်မှတ်ထားနေရာ လျော်ကြေးအဖြစ် ယူရို(၁၅)သန်းမှ (၂၅)သန်းကြား ပေးချေရမည်ဖြစ်ကြောင်း Sky Germany က ဖော်ပြခဲ့သည်။ 

အလွန်ဆိုသည် လေဗာကူဆင်အသင်းနှင့် ၂၀၂၆ ခုနှစ် စာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး လျော်ကြေးစာချုပ် ထည့်သွင်းမထားသော်လည်း လက်ရှိအနေအထားအရ လေဗာကူဆင်အသင်းက အနည်းဆုံးလျော် ကြေးယူရို(၁၅)သန်း တောင်းဆိုလိမ့်မည်ဟု Sky Germany က သုံးသပ်ခဲ့သည်။ 

လီဗာပူူးလ်နှင့် ဘိုင်ယန်မြူးနစ်တို့က လျော်ကြေးမည်မျှ ပေးရမည်နည်းဆိုသည်ကို လေဗာကူဆင်အသင်းထံ မေးမြန်းထားကြောင်းလည်း သိရသည်။

လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်သည် ယခုရာသီကုန်တွင် အသင်းမှထွက်ခွာမည်ဖြစ်သလို၊ ဘိုင်ယန်မြူးနစ်အသင်းကလည်း ယခုရာသီကုန်တွင် လက်ရှိနည်းပြ တူဟယ်လ်နှင့် လမ်းခွဲမည်ဟု ကြေညာထားသည်။ 

ထို့ကြောင့် အဆိုပါဥရောပထိပ်သီး (၂) သင်းစလုံးသည် ၎င်းတို့၏နည်းပြသစ်အဖြစ် လေဗာကူဆင်အသင်းတွင် စွမ်းဆောင်ရည်ကောင်းများ ပြသနေသည့် အလွန်ဆိုကို ခေါ်ယူရန် ပစ်မှတ်ထားနေခြင်းဖြစ်သည်။ 

Most Read

Most Recent