ဘာစီလိုနာအသင်းကိုကျော်ဖြတ်ကာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တက်ရောက်နိုင်မည်ဟု ယုံကြည်ကြောင်း ပေါ့ဘာ ပြောကြား

ဘာစီလိုနာအသင်းကိုကျော်ဖြတ်ကာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တက်ရောက်နိုင်မည်ဟု ယုံကြည်ကြောင်း ပေါ့ဘာ ပြောကြား
Photo: Getty Images
Photo: Getty Images
Published 12 April 2019

မန်ယူအသင်းသည် ဧပြီလ (၁၀) ရက်နေ့က ကစားခဲ့သည့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့တွင် ဘာစီလိုနာအသင်းကို အိမ်ကွင်း၌ (၀-၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ၎င်းတို့အနေဖြင့် ဘာစီလိုနာကို အဝေးကွင်းတွင် ဒုက္ခပေးနိုင်စွမ်းရှိကြောင်း ပေါ့ဘာက ပြောကြားခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းကွင်းလယ်လူ ပေါ့ဘာက မိမိအနေဖြင့် ဘာစီလိုနာအသင်းကိုကျော်ဖြတ်ကာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

မန်ယူအသင်းသည် ဧပြီလ (၁၀) ရက်နေ့က ကစားခဲ့သည့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့တွင် ဘာစီလိုနာအသင်းကို အိမ်ကွင်း၌ (၀-၁) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ၎င်းတို့အနေဖြင့် ဘာစီလိုနာကို အဝေးကွင်းတွင် ဒုက္ခပေးနိုင်စွမ်းရှိကြောင်း ပေါ့ဘာက ပြောကြားခဲ့ခြင်းဖြစ်သည်။

ပေါ့ဘာက "ဘာစီလိုနာအသင်းကိုကျော်ဖြတ်ပြီး နောက်တစ်ဆင့်တက်နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ သူတို့က ဘာစီလိုနာဖြစ်သလို၊ ကျွန်တော်တို့ကလည်း မန်ယူအသင်းပါ။ ဘာစီလိုနာအသင်း ချန်ပီယံလိဂ်မှာ ကစားနေသလို၊ မန်ယူအသင်းကလည်း ချန်ပီယံလိဂ်မှာ ကစားနေတာပါ။ ကျွန်တော်တို့မှာ ဆီမီးဖိုင်နယ်တက်နိုင်တဲ့ အစွမ်းရှိပါတယ်။ PSG နဲ့ ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့်ပွဲစဉ်မှာ ကျွန်တော်တို့ ဘယ်လိုလုပ်ပြခဲ့တယ်ဆိုတာကို သူတို့(ဘာစီလိုနာအသင်း) ကောင်းကောင်း သိမှာပါ။ ဒုတိယအကျော့က ဘာစီလိုနာကွင်းမှာ ကစားရမှာဖြစ်ပေမယ့် အဲဒီအတွက် ကျွန်တော်တို့ စိုးရိမ်စိတ် မရှိပါဘူး။ ဘာဖြစ်လာမလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ"ဟု ပြောကြားခဲ့သည်။

ထို့ပြင် ပေါ့ဘာက မိမိတို့အနေဖြင့် ဒုတိယအကျော့ပွဲစဉ်တွင် အဆုံးသတ်ပိုင်းပိုမိုကောင်းမွန်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

မန်ယူအသင်းတိုက်စစ်မှူး လူကာကူကလည်း ဘာစီလိုနာအသင်းနှင့် အဝေးကွင်းတွင် ကစားရမည့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်တွင် မိမိတို့အနေဖြင့် ယခုထက်ပိုမိုအားထုတ်ရန် လိုအပ်ကြောင်း အသင်းသားများကို တိုက်တွန်းပြောကြားခဲ့သည်။

ဘာစီလိုနာနှင့် မန်ယူအသင်းတို့၏ ချန်ပီယံလိဂ်ဒုတိယအကျော့ပွဲစဉ်ကို ဧပြီလ (၁၆) ရက်နေ့တွင် ဘာစီလိုနာအသင်း၏ အိမ်ကွင်း နူးကမ့်၌ ကစားမည်ဖြစ်သည်။

Most Read

Most Recent