ကစားသမားဘဝမှ အနားယူကြောင်း ဘီနာယောင် ကြေညာ

ကစားသမားဘဝမှ အနားယူကြောင်း ဘီနာယောင် ကြေညာ
Photo: Getty Images
Photo: Getty Images
Published 11 April 2019

ချယ်လ်ဆီးနှင့် လီဗာပူးလ်အသင်းတို့တွင် ကစားခဲ့ဖူးသည် အစ္စရေးဝါရင့်ကွင်းလယ်လူ ဘီနာယောင်က မိမိအနေဖြင့် ကစားသမားဘဝမှအနားယူပြီဖြစ်ကြောင်း ဧပြီလ (၁၁) ရက်နေ့တွင် ကြေညာခဲ့သည်။

ချယ်လ်ဆီးနှင့် လီဗာပူးလ်အသင်းတို့တွင် ကစားခဲ့ဖူးသည် အစ္စရေးဝါရင့်ကွင်းလယ်လူ ဘီနာယောင်က မိမိအနေဖြင့် ကစားသမားဘဝမှအနားယူပြီဖြစ်ကြောင်း ဧပြီလ (၁၁) ရက်နေ့တွင် ကြေညာခဲ့သည်။

အသက် (၃၈)နှစ်အရွယ်ရှိ ဘီနာယောင်သည် ပရီးမီးယားလိဂ်ထိပ်သီးများဖြစ်သည့် လီဗာပူးလ်၊ ချယ်လ်ဆီးနှင့် အာဆင်နယ်အသင်းတို့တွင် ကစားခဲ့သူဖြစ်ပြီး အစ္စရေးကလပ် ဘီတာဂျေရုစလင်အသင်းတွင် နောက်ဆုံးကစားခဲ့သည်။

ဘီနာယောင်က မိမိအနေဖြင့် လက်ရှိအချိန်တွင် ဘဝတစ်ခုကို စတင်ရန်အချိန်ကောင်းဖြစ်သည်ဟု ၎င်း၏ Instagram တွင် ရေးတင်ခဲ့သည်။

ဘီနာယောင်က "ကစားသမားဘဝတစ်လျှောက် ကျွန်တော့်ကို အားပေးခဲ့ကြတဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ အခုအချိန်က ဘဝတစ်ခုကိုစတင်ဖို့ အကောင်းဆုံးအချိန်ဖြစ်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ကစားသမားဘဝမှာ အမှတ်ရစရာအခိုက်အတန့်တွေ ရှိခဲ့ပါတယ်။ ဒါတွေကိုတော့ ဘဝတစ်လျှောက်လုံး ကျွန်တော် ထိန်းသိမ်းသွားမှာပါ"ဟု Instagram တွင် ရေးသားခဲ့သည်။

ဘီနာယောင်သည် အစ္စရေးလက်ရွေးစင်အသင်းအတွက်လည်း ပွဲပေါင်း (၁၀၂) ပွဲအထိ ကစားခဲ့ပြီး (၂၄) ဂိုးသွင်းယူနိုင်ခဲ့ကြောင်း သိရသည်။

Did you know?

ဘီနာယောင်သည် ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်နှင့် FA ဖလားပြိုင်ပွဲတွင် ဟက်ထရစ်သွင်းဖူးသည့် (၃) ဦးမြောက် ကစားသမားဖြစ်သည်။ အခြားနှစ်ဦးမှာ မန်စီးတီးတိုက်စစ်မှူး အဂွဲရိုးနှင့် စပါးတိုက်စစ်မှူး ဟာရီကိန်းတို့ ဖြစ်သည်။

Most Read

Most Recent