ပရီးမီးယားလိဂ်ကို အာရုံစိုက်ရန်လိုလာပြီဟု အူနိုင်းအမ်မရီ ဖွင့်ဟ

ပရီးမီးယားလိဂ်ကို အာရုံစိုက်ရန်လိုလာပြီဟု အူနိုင်းအမ်မရီ ဖွင့်ဟ
Photos : AFP
Photos : AFP
Published 26 January 2019

အာဆင်နယ်အသင်းနည်းပြ အူနိုင်းအမ်မရီက FAဖလား စတုတ္ထအဆင့်မှထွက်ခဲ့ရပြီးနောက် ပရီးမီးယားလိဂ်ကို အာရုံစိုက်ရန်လိုအပ်လာပြီဟု မှတ်ချက်ပြုခဲ့သည်။

အမ်မရီက မန်ယူနှင့်ပွဲအပြီးတွင် '' ကျွန်တော်တို့ရဲ့ Gameplan ကတော့ အလုပ်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ ဖိအားပေးနိုင်တယ်။ အခွင့်အရေးတွေ ဖန်တီးနိုင်တယ်။ ဒါပေမဲ့ ဒုတိယပိုင်းမှာ စွန့်စားမှုလုပ်ခဲ့သင့်ပါတယ်။ ကျွန်တော်တို့ ကစားပုံကောင်းခဲ့ပေမယ့် ပွဲတော့ ရှုံးခဲ့ပါတယ်။ ဒါပေမဲ့ အသင်းစွမ်းဆောင်ရည်ကို ကျွန်တော် ကျေနပ်ပါတယ်။ ကျွန်တော်တို့ဟာ အခုရလဒ်ထက် ပိုပြီးထိုက်တန်ပါတယ်။ အခုချိန်မှာတော့ ကျွန်တော်တို့ ပရီးမီးယားလိဂ်အကြောင်းတွေးတောဖို့ လိုအပ်လာပါပြီ။ ချယ်လ်ဆီးကို အနိုင်ရခဲ့သလို အမှတ်ကွာဟမှုလည်း ကျဉ်းမြောင်းလာတယ်။ ကျွန်တော်တို့အနေနဲ့ ပရီးမီးယားမှာ ပိုမိုတွန်းအားပေးဖို့ လိုအပ်နေပါတယ်။ ပြီးတော့ ကျွန်တော်တို့မှာ နောက်ထပ်အရေးကြီးတဲ့ ယူရိုပါလိဂ်ပြိုင်ပွဲလည်း ရှိနေပါတယ်'' ဟု ပြောကြားခဲ့သည်။

ထို့ပြင် အမ်မရီက အာဆင်နယ်-မန်ယူပွဲတွင် ကိုစီယဲလ်နီမှာ မေးရိုးကျိုးခဲ့သည်ဟုလည်း အတည်ပြုခဲ့သည်။

(၃၃)နှစ်အရွယ်ရှိ ကိုစီယဲလ်နီမှာ ခြေဖနောင့်ကြောဒဏ်ရာကြောင့် (၇)လကြာ အနားယူခဲ့ရပြီး ပြီးခဲ့သည့်ဒီဇင်ဘာလအတွင်းတွင်မှ ဘောလုံးပြန်ကစားနိုင်ခဲ့ခြင်း ဖြစ်သည်။

ယင်းပွဲအရှုံးကြောင့် Twitter တွင် အမ်မရီကို အာဆင်နယ်အသင်းပရိသတ်အချို့က တောင်းဆိုခဲ့ကြောင်း သိရသည်။

Most Read

Most Recent