ချယ်လ်ဆီးနှင့် လီဗာပူးလ်ကွင်းလယ်လူဟောင်း ဂျိုးကိုးလ် ကစားသမားဘဝမှ အနားယူ

ချယ်လ်ဆီးနှင့် လီဗာပူးလ်ကွင်းလယ်လူဟောင်း ဂျိုးကိုးလ် ကစားသမားဘဝမှ အနားယူ
Photo: Graham Chadwick/Daily Mail
Photo: Graham Chadwick/Daily Mail
Published 13 November 2018

 

အင်္ဂလန်လက်ရွေးစင်ကွင်းလယ်လူဟောင်းဖြစ်သူ  ဂျိုးကိုးလ်သည် ကစားသမားဘဝမှ အနားယူပြီဖြစ်ကြောင်း နိုဝင်ဘာ (၁၃) ရက်က အတည်ပြုကြေညာခဲ့သည်။ 

အသက် (၃၇) နှစ်အရွယ်ရှိပြီဖြစ်သူ ဂျိုးကိုးလ်မှာ ဝက်စ်ဟမ်းလူငယ်အကယ်ဒမီထွက်ပေါ်လာသူဖြစ်ပြီး ဝက်စ်ဟမ်း၊ ချယ်လ် ဆီး၊ လီဗာပူးလ်၊ လိုင်လီ၊ အက်စတွန်ဗီလာ၊ ကိုဗင်ထရီအသင်းတွင် ကစားခဲ့သည်။ ယင်းနောက် USL (အမေရိကန် ဒုတိယတန်းလိဂ်) ပြိုင်ပွဲဝင် တမ်ပါဘေးရိုဒိုင်းစ်အသင်းတွင် ၂၀၁၆ ခုနှစ်မှစတင်ကာ ယခုအနားယူချိန် အထိ ကစားခဲ့ခြင်းဖြစ်သည်။

ဂျိုးကိုးလ်သည် ကစားသမားဘဝတွင် ပွဲပေါင်း (၇၁၆) ပွဲကစားခဲ့ကာ ၁၀၄ ဂိုးသွင်းယူနိုင်ခဲ့ပြီး ချယ်လ်ဆီးအသင်း တွင်ကစားခဲ့သည့် ၂ဝဝ၃ ခုနှစ် မှ ၂၀၁၀ ပြည့်နှစ်အထိ ကာလမှာ ၄င်း၏ကစားသမားဘဝတွင် အအောင်မြင်ဆုံး အခိုက်အတန့်ဖြစ်ခဲ့သည်။ 

၄င်းမှာ ယင်းကာလအတွင်း  ပရီးမီးယားလိဂ်ဖလား သုံးကြိမ်၊ FA ဖလား နှစ်ကြိမ်၊ လိဂ်ဖလားတစ်ကြိမ်နှင့် ကွန်မြူနတီဒိုင်းတစ်ကြိမ် ဆွတ်ခူးရ ရှိခဲ့ပြီး ၂ဝဝ၁ မှ ၂၀၁၀ ပြည့်နှစ်အထိ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် (၅၆) ပွဲကစားခဲ့ရာတွင် (၁၀) ဂိုး သွင်းယူနိုင်ခဲ့သည်။

Most Read

Most Recent