တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းကစားနေသည့် အိုဒီရှာအသင်း အိန္ဒိယအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် ချန်ပီယံဆုဆွတ်ခူး

တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းကစားနေသည့် အိုဒီရှာအသင်း အိန္ဒိယအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် ချန်ပီယံဆုဆွတ်ခူး
Photo: X
Photo: X
Published 27 March 2024

 

မြန်မာ့လက်ရွေးစင် အမျိုးသမီးတိုက်စစ်မှူး ဝင်းသိင်္ဂီထွန်း သွားရောက်ကစားခဲ့သည့် အိန္ဒိယကလပ် အိုဒီရှာအသင်းသည် ၂၀၂၄ ရာသီ အိန္ဒိယအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် ချန်ပီယံဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

ဝင်းသိင်္ဂီထွန်းသည် ယခုရာသီအစတွင် အိုဒီရှာအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ခြင်းဖြစ်ပြီး ပုံမှန်ကစားခွင့်ရသည့်အပြင် ခြေစွမ်းပြကစားနိုင်ခဲ့ပြီး အိုဒီရှာအသင်း ချန်ပီယံဖြစ်ရန် ကူညီစွမ်းဆောင်ပေးနိုင်ခဲ့သည်။ အိုဒီရှာ အသင်းသည် ပြိုင်ပွဲအပြီးတွင် ၁၂ ပွဲကစား ၁၀ ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံး ရမှတ် ၃၁ မှတ်ဖြင့် ချန်ပီယံဖြစ်ခဲ့ပြီး ဒုတိယနေရာမှ ဂိုကူလမ်အသင်းကို နှစ်မှတ်အသာဖြင့် ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ 

ဝင်းသိင်္ဂီထွန်းသည် အိုဒီရှာ အသင်းအတွက် ခုနစ်ဂိုးသွင်းယူခဲ့ပြီး သွင်းဂိုးအများဆုံးစာရင်းတွင် စတုတ္ထနေရာ၌ ပူးတွဲ ရပ်တည်နိုင်ခဲ့သည်။ အိန္ဒိယအမျိုးသမီးလိဂ်တွင် အသင်းစုစုပေါင်း ခုနစ်သင်း ပါဝင်ယှဉ် ပြိုင်ခဲ့ပြီး နှစ်ကျော့စနစ်ဖြင့် ကျင်းပခဲ့ကာ အိုဒီရှာအသင်းသည် ရှုံးပွဲတစ်ပွဲတည်းဖြင့် ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ 

ဝင်းသိင်္ဂီထွန်းသည် ၂၀၂၁ ခုနှစ်တွင် ပြည်ပကလပ်များသို့ စတင်သွားရောက်ကစားခဲ့ပြီး မြန်မာအမျိုးသမီး ဘောလုံးသမားများတွင် ပထမဆုံးပြည်ပထွက်ကစားသူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ 

ဝင်းသိင်္ဂီထွန်း သည် ၂၀၂၁ နှင့် ၂၀၂၂ ခုနှစ်တွင် အိန္ဒိယ ကလပ် ဂိုကူလမ်အသင်း၊ ၂၀၂၃ ခုနှစ်တွင် ထိုင်းကလပ် College of Asia School အသင်း၊ ယခုနှစ်တွင် အိန္ဒိယကလပ် ဂိုကူလမ် အသင်းတို့၌ ကစားခဲ့ပြီး အိန္ဒိယကလပ်အသင်း နှစ်သင်းနှင့်အတူ အမှတ်ပေးချန်ပီယံဆုများ ရရှိခဲ့သည်။

Most Read

Most Recent