■ ပေါင်မုန့်တန်းစီခဲ့ဖူးသူရဲ့ ဂန္ထဝင်မှတ်တမ်း (Life)

■ ပေါင်မုန့်တန်းစီခဲ့ဖူးသူရဲ့ ဂန္ထဝင်မှတ်တမ်း (Life)
Photo: Getty Images
Photo: Getty Images
Published 15 May 2024
AK

အငတ်ဘေးဆိုက်ဖူးသူ၊ ကွန်မြူနစ်နိုင်ငံကနေ ကမ္ဘာကြီးဆီ ဖြတ်သန်းလာသူ၊ ဘောလုံးအားကစားနည်းနဲ့အတူ ခမ်းနားအောင်ပွဲတွေ ပိုင်ဆိုင်ခဲ့ဖူးသူ၊ နူးညံ့ယိမ်းနွဲ့ပြီးဖျော်ဖြေရေးဆန်တဲ့ကစားဟန်နဲ့ မြက်ခင်းစိမ်းထက်က ကချေသည်၊ သူ့နာမည်ဟာ ပရိသတ်သန်းပေါင်းများစွာရဲ့နှလုံးသားထဲ စွဲမြဲနေလိမ့်မယ်။ ဘာဘာတော့ဗ်၊ ဂန္ထဝင်နည်းပြ ဆာအဲလက်စ်ဖာဂူဆန်ကိုယ်တိုင် လိုချင်တပ်မက်လွန်းလို့ လေဆိပ်အထိလာပြီး ပင့်ဆောင်ခဲ့ရသူ ဘူလ်ဂေးရီးယားနတ်ဘုရား၊  ဘောလုံးနတ်ဘုရား ဘာဘာတော့ဗ်ပါပဲ။  ဖာဂီကိုယ်တိုင် လေဆိပ်အထိ လာခေါ်တယ်ဆိုတာမျိုး ဘာဘာတော့ဗ် အိပ်မက်တောင် မမက်ခဲ့ဖူးဘူး။ အဲဒီအချိန်တုန်းက မန်ယူက ချန်ပီယံလိဂ်ဖလားကို ပူပူနွေးနွေး ပိုင်ဆိုင်ထားတယ်။ တိုက်စစ်အရွေ့အသစ်အတွက် စပါးမှာ ဟုန်းဟုန်းထနေတဲ့ ဘာဘာတော့ဗ်ကို ဖာဂီ အထူးနှစ်သက်ခဲ့တာပါပဲ။

 

Most Read

Most Recent