ယူရိုပါလိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်

ယူရိုပါလိဂ်ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
Photo: UEL
Photo: UEL
Published 22 May 2024

လေဗာကူဆင်ရဲ့ ဖလားသုံးလုံးအိပ်မက်ကို အဓိကဆုံးဖြတ်မယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲ

အတ္တလန်တာ - လေဗာကူဆင် (ကြာသပတေးနံနက် ၁း၃၀ နာရီ)

အတ္တလန်တာအသင်းနဲ့ လေဗာကူဆင်အသင်းက ဥ ရောပကလပ်ပြိုင်ပွဲမှာ တတိယအကြိမ်မြောက် တွေ့ဆုံကြတာ ဖြစ်တယ်။ ၂၀၂၁-၂၂ ရာသီ ယူရိုပါလိဂ် (၁၆)သင်းအဆင့်မှာ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး အတ္တလန်တာအသင်းက နှစ်ကျော့စလုံး အနိုင်ယူခဲ့ဖူးတယ်။

    

Current အခြေအနေအရတော့ နှစ်သင်းစလုံးက ပုံစံ ကောင်းရနေတဲ့အသင်းတွေ ဖြစ်ပြီး လေဗာကူဆင်က အတ္တလန် တာထက် ခေါင်းတစ်လုံးပိုသာနေတယ်။ လေဗာကူဆင်အသင်း က တစ်ရာသီလုံး ရှုံးပွဲမရှိသေးဘဲ ဘောလုံးကမ္ဘာကို မယုံနိုင်စရာ တွေ လုပ်ပြထားခဲ့တယ်။ ဒီယူရိုပါလိဂ်ဖလားသာ ရယူနိုင်ခဲ့ရင် လေ ဗာကူဆင်အသင်းအတွက် ဖလားသုံးလုံးချန်ပီယံအဖြစ် သမိုင်းဝင်နေ့စွဲတစ်ခုကို ပိုင်ဆိုင်ပါလိမ့်မယ်။ အခုထိလည်း လေ ဗာကူဆင်ရဲ့ရှုံးပွဲမရှိမှတ်တမ်းက (၅၁)ပွဲနဲ့ ရှေ့ဆက်နေတုန်းပါ ပဲ။ အတ္တလန်တာကတော့ ကိုပါအီတာလီယာဖိုင်နယ်မှာ အရေး နိမ့်ခဲ့ပေမဲ့ ချန်ပီယံလိဂ်ဝင်ခွင့်တော့ အရယူထားတယ်။

    

အတ္တလန်တာအသင်းက ၃-၄-၁-၂နဲ့ ၃-၄-၂-၁ ကစား ကွက်ကို အလျဉ်းသင့်သလို ကစားနေပေမဲ့ နောက်ပိုင်း အရေး ကြီးတဲ့ပွဲတွေမှာ Lone Striker တစ်ဦးပဲ ထားကစားတဲ့ပုံစံကို ဆက်တိုက်သုံးနေတယ်။ ယူရိုပါလိဂ်မှာ ဂိုးလာဘ်ရှိတဲ့ ဆကာ မာကာကိုပဲ အထောင်တင်ပြီး ကီတယ်လာရီ၊ လွတ်ခ်မန်းတို့ တိုး အားကို အဓိကအားယူကစားလိမ့်မယ်။ လေဗာကူဆင်အသင်း ကတော့ ရိုးမားနဲ့ကစားတဲ့ ဆီမီးဖိုင်နယ် နှစ်ကျော့လို တိုက်စစ် ပိုင်းမှာ အပြောင်းအလဲ သိပ်မလုပ်လောက်တော့ဘူး။ ဖိုင်နယ် ပွဲထွက်စာရင်းအတွက် ပက်သရစ်ရှစ်ခ်၊ ဗက်ဇ်တို့ ဂဏန်းငြိမ် နေပြီး ကျန်တစ်နေရာကတော့ ကစားသမား ငါးဦးလောက် အ ပြိုင်ဖြစ်နေတယ်။ နှစ်သင်းစလုံးရဲ့နည်းပြပိုင်းက တိုက်စစ်ပိုင်း ကို ပုံသေတည်ဆောက်လေ့ရှိတဲ့သူတွေ မဟုတ်ဘဲ ပြိုင်ဘက် အပေါ် လိုက်ပြီး အပြောင်းအလဲလုပ်တတ်လို့ ခန့်မှန်းရခက်စေ တယ်။ ယုံကြည်မှုအမြင့်ဆုံးရောက်နေတဲ့ လေဗာကူဆင်ကိုပဲ ရွေးချယ်ချင်တယ်။

Most Read

Most Recent