ဆီဗီလာအသင်းခေါင်းဆောင် ၀ါရင့်စပိန်ကစားသမား နာဗတ်စ်က ရာသီကုန်တွင် အသင်းနှင့် လမ်းခွဲတော့မည်ဖြစ်ကြောင်း ကြာသပတေးနေ့က အတည်ပြုကြေညာခဲ့သည်။
နာဗတ်စ်(၃၈ နှစ်)သည် ဆီဗီလာအသင်းနှင့် ဆုဖလားအများဆုံး ရရှိထားသူဖြစ်သလို၊ ပွဲအများဆုံးကစားထားသူဖြစ်ကြောင်း သိရသည်။
ဆီဗီလာအသင်းက နာဗတ်စ်အတွက် အမြဲတမ်း တံခါးဖွင့်ပေးထားမည်ဖြစ်ကြောင်းနှင့် ဆီဗီလာအသင်းသည် ၎င်း၏အိမ်အဖြစ် ဆက်ရှိသွားမည်ဖြစ်ကြောင်း အသင်းဝက်ဘ် ဆိုက်မှတစ်ဆင့် ဖော်ပြခဲ့သည်။
၎င်းအတွက် နှုတ်ဆက်ပွဲကျင်းပရန် စီစဉ်နေကြောင်းလည်း သိရသည်။