လာအိုအသင်းနှင့် အဝေးကွင်းပွဲကစားရန် မြန်မာအသင်း ယနေ့တွင် ဗီယန်ကျင်းမြို့သို့ ထွက်ခွာ

လာအိုအသင်းနှင့် အဝေးကွင်းပွဲကစားရန် မြန်မာအသင်း ယနေ့တွင် ဗီယန်ကျင်းမြို့သို့ ထွက်ခွာ
Published 13 November 2018

မြန်မာ့လက်ရွေးစင် အသင်းသည် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ အုပ်စုဒုတိယပွဲအဖြစ် လာမည့်နိုဝင်ဘာ (၁၆) ရက်တွင် လာအိုလက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ကစားရန်အတွက် နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းက မန္တလေးမြို့မှ လာအိုနိုင်ငံမြို့တော်၊ ဗီယန်ကျင်းမြို့သို့ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

    

မြန်မာအသင်းသည် ပြီးခဲ့သည့် နိုဝင်ဘာ (၁၂)ရက်က အုပ်စုပထမပွဲအဖြစ် မန္တလေးမြို့၌ အိမ်ကွင်းအဖြစ် ကမ္ဘောဒီးယားအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာတွင် (၄-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ထို့ကြောင့် မြန်မာအသင်းသည် လာအိုအသင်းနှင့်ကစားရမည့် အုပ်စုဒုတိယပွဲတွင် ထပ်မံအနိုင်ရရှိ ရန်အတွက် ဗီယန်ကျင်းမြို့သို့ စောစီးစွာ ကြိုတင်သွားရောက်နေထိုင်လေ့ကျင့်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာအသင်းသည် အုပ်စုဒုတိယပွဲအဖြစ် ယှဉ်ပြိုင်ကစားရမည့် လာအိုအသင်းနှင့်ပွဲတွင် အနိုင်ရရှိခဲ့ မည်ဆိုပါက ဆီမီးဖိုင်နယ်သို့ တက်ရောက်ရန် အခွင့်အရေးကောင်းကို ရရှိမည်ဖြစ်သည်။

ကျင်းပပြီးစီးခဲ့သည့် အာဆီယံဆူဇူကီးဖလား ၁၁ ကြိမ်တွင် မြန်မာအသင်းမှာ ၂၀၀၄၊ ၂၀၁၆ ပြိုင်ပွဲ (၂)ကြိမ်သာ ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။

လာအိုအသင်းမှာ မူ အုပ်စုပွဲ (၂)ပွဲအပြီးတွင် ဗီယက်နမ် နှင့် မလေးရှားတို့ကို ရှုံးနိမ့်ထားသည်။

Most Read

Most Recent