စီးရီးအေ အကောင်းဆုံးနည်းပြဆုကို အယ်လီဂရီ ရရှိ

စီးရီးအေ အကောင်းဆုံးနည်းပြဆုကို အယ်လီဂရီ ရရှိ
Published 13 November 2018

၂၀၁၇-၁၈ ရာသီအတွက် စီးရီးအေအကောင်းဆုံးနည်းပြဆုကို ဂျူဗင်တပ်စ်နည်းပြ အယ် လီဂရီ ရရှိခဲ့ကြောင်း သိရှိရသည်။

အယ်လီဂရီသည် ယခု ချယ်လ်ဆီးအသင်းသို့ ရောက်ရှိနေသည့် နာပိုလီနည်းပြ ဆာရီ၊ လာဇီယိုနည်းပြ ဆီမြွန်နီအင်ဇာဂီတို့နှင့် အဓိကပြိုင်ဆိုင်ခဲ့ရပြီး နောက်ဆုံးမဲရလဒ်တွင် ဆာရီနှင့် အင်ဇာဂီတို့က (၈)မဲစီသာ ရရှိခဲ့ပြီး အယ်လီဂရီက (၁၇)မဲ ရရှိခဲ့ကြောင်း သိရှိရသည်။

၎င်းအနေဖြင့် ပြီးခဲ့သည့်ရာသီက ဂျူဗင်တပ်စ်အသင်းကို စံချိန်တင်အဖြစ် စီးရီးအေတွင် (၇)နှစ်ဆက် ဗိုလ်စွဲစေခဲ့ပြီး ယင်းဆုကို (၄)ကြိမ်မြောက် ဆွတ်ခူးခြင်းလည်းဖြစ်သည်။

အယ်လီဂရီက အသင်းနှင့်ပတ်သက်သူအားလုံးကို ကျေးဇူးတင်ရှိကြောင်းနှင့် အနာဂတ် အောင်ပွဲများအတွက် တွန်အားဖြစ်စေကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ၎င်းက ယခုရာသီတွင် စီးရီးအေချန်ပီယံဆုကို (၈)ကြိမ်မြောက်နှင့် ချန်ပီယံလိဂ်ဖလားဆွတ်ခူးရန် ပစ်မှတ်ထားနေကြောင်းလည်း ဝန်ခံခဲ့သည်။

ယင်းအကောင်းဆုံးနည်းပြဆုကို ဏညေခ့ငညေ ိဒဥမ(ွသိူနည နြညခ့) ဆုဟု ခေါ်ဆိုကြောင်း သိရသည်။

Most Read

Most Recent