မြောက်ကိုရီးယားတွင် K-Pop သီချင်းနားထောင်မှုဖြင့် အမျိုးသားတစ်ဦးလူမြင်ကွင်းတွင် ကွပ်မျက်ခံရ

မြောက်ကိုရီးယားတွင် K-Pop သီချင်းနားထောင်မှုဖြင့် အမျိုးသားတစ်ဦးလူမြင်ကွင်းတွင် ကွပ်မျက်ခံရ
Photo: Affinity Magazine
Photo: Affinity Magazine
Published 29 June 2024

မြောက်ကိုရီးယားနိုင်ငံတွင် အသက်၂၂ နှစ်အရွယ်အမျိုးသားတစ်ဦးသည် အနောက်တိုင်းယဉ်ကျေးမှုများကို တင်းကျပ်စွာတားမြစ် ပိတ်ပင်မှုအားချိုးဖောက်ကာ K-Pop တေးသီချင်းများနှင့် ရုပ်ရှင်များကို နားထောင်ပြီးဖြန့် ချိမှုဖြင့်လူမြင်ကွင်းတွင် ကွပ်မျက်ခံခဲ့ရသည်ဟု တောင်ကိုရီးယားမီဒီယာတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားအစိုးရက ထိုလူငယ်ကို အာဏာပြမှုတစ်ရပ်အဖြစ် လူမြင်ကွင်း၌ ကွပ်မျက်ခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင်ဖော်ပြထားသည်။

မြောက်ကိုရီးယားမှဘက်ပြောင်းလာသူ ၆၅၀ နီးပါး၏ သက်သေခံထွက်ဆိုချက်များကို စုဆောင်းထားသော တောင်ကိုရီးယား၏ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက ထုတ်ပြန်သော အစီရင်ခံစာတစ်ရပ်တွင် ပြင်းထန်သော အပြစ်ပေးမှုများကို အသေးစိတ်ဖော်ပြထားသည်။ယင်းအစီရင်ခံစာသည် အနောက်တိုင်း လွှမ်းမိုးမှုများကိုဖိနှိပ်ရန် မြောက်ကိုရီးယားအစိုးရ၏ပြင်းထန်သောစီမံချက်များကို မီးမောင်း ထိုးဖော်ပြထားသည်။ဆောင်ဟွမ်ဟေးပြည်နယ်တွင် ၂၀၂၂ ခုနှစ်၌ လူမြင်ကွင်းတွင် ကွပ်မျက်မှု စတင်လုပ် ဆောင်ခဲ့သည်။

လူငယ်အမျိုးသားသည် တောင်ကိုရီးယားသီချင်းအပုဒ် ၇၀ ကို နားထောင်ပြီးရုပ်ရှင်သုံးကားကို ကြည့်ရှုခဲ့ကာ ယင်းနောက်အခြားသူများကို ပြန်လည်မျှဝေခဲ့သည်ဟု သိရသည်။

ယင်းလုပ်ဆောင်ချက်သည် မြောက်ကိုရီးယား၏ တင်းကျပ်သောယဉ်ကျေးမှုှုဥပဒေများကို ဆက်တိုက်ချိုးဖောက်သည့်အသွင် သက်ရောက်ခဲ့သည်ဟုဆိုသည်။

တောင်ကိုရီးယားအစီရင်ခံစာ၌ မြောက်ကိုရီးယားအစိုးရသည် ပြည်ပယဉ်ကျေးမှု လွှမ်းမိုးမှုများပျံ့နှံ့လာခြင်းကို ထိန်းချုပ်ရန်နှင့်ကာကွယ်သွားရန် ဆက်လက်လုပ်ဆောင်နေကြောင်း လွန်ကဲသောအတိုင်းအတာများကို အလေးပေးဖော်ပြခဲ့သည်။

ယင်းဖြစ်စဉ်သည် မြောက်ကိုရီးယားနိုင်ငံအတွင်း ဖိနှိပ်မှုပတ်ဝန်းကျင်အနေအထားနှင့် ၎င်း၏စည်းမျဉ်းများကို ချိုးဖောက်သူများအနေဖြင့် အလွန်ပြင်းထန်သော နောက်ဆက်တွဲဆိုးကျိုးများကို ရင်ဆိုင်နေရကြောင်းဖော် ပြလျက်ရှိသည်။

Most Read

Most Recent