■ ပြင်သစ်အသင်းကို ရင်ဆိုင်ရန် အသင့်ဖြစ်နေပြီဟု နယ်သာလန်နည်းပြ ရော်နယ်လ်ကိုးမင်း ပြောကြား

■ ပြင်သစ်အသင်းကို ရင်ဆိုင်ရန် အသင့်ဖြစ်နေပြီဟု နယ်သာလန်နည်းပြ ရော်နယ်လ်ကိုးမင်း ပြောကြား
Photo: Getty Images
Photo: Getty Images
Published 21 June 2024

နယ်သာလန်နည်းပြ ရော်နယ်လ်ကိုးမင်းက မိမိတို့အသင်းအနေဖြင့် ပြင်သစ်အသင်းကို ရင်ဆိုင်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

    

နယ်သာလန်အသင်းသည် အုပ်စုအဖွင့်ပွဲတွင် ပိုလန်အသင်းကို အနိုင်ရရှိခဲ့သည့်အတွက် ဒုတိယပွဲတွင် အနိုင်ရရှိခဲ့ပါက ရှုံးထွက် (၁၆) သင်းအဆင့်သို့ တက်ရောက်နိုင်မည်ဖြစ်သည်။ 

နယ်သာလန်နည်းပြ ရော်နယ်လ်ကိုးမင်းက အုပ်စုအဖွင့်ပွဲတွင် အနိုင်ရခဲ့သည့်အတွက် ယုံကြည်မှုပိုရှိလာကြောင်းလည်း ပြောကြားခဲ့သည်။ 

"ပြင်သစ်အသင်းကို ရင်ဆိုင်ဖို့ ကျွန်တော်တို့ အသင့်ဖြစ်နေပါပြီ။ ပြင်သစ်လို တောင့်တင်းတဲ့အသင်းနဲ့ ရင်ဆိုင်ဖို့ ကျွန်တော်တို့ အရာအားလုံး ပြည့်စုံနေဖို့ လိုအပ်ပါတယ်။ ပြီးတော့ သတ္တိအပြည့်နဲ့ ယှဉ်ပြိုင်ရမှာပါ။ ဒါဟာ အဓိကသော့ချက်ပါပဲ"ဟု ရော်နယ်လ်ကိုးမင်းက ပြောကြားခဲ့သည်။ 

ယခုပွဲအတွက် UEFA ဝက်ဘ်ဆိုက်တွင် မည်သည့်အသင်း အနိုင်ရရှိမည်နည်းဟု ပရိသတ်များထံ စစ်တမ်းကောက်ခဲ့ရာ (၅၂%)က ပြင်သစ်အနိုင်ရမည်ဟု မဲပေးခဲ့ကြောင်း သိရသည်။ 

Most Read

Most Recent