ယူကရိန်းတွင် ရုရှားတပ်ဖွဲ့ဝင် ၇၀၀,၀၀၀ နီးပါး တိုက်ပွဲဝင်နေကြောင်း ပူတင်ပြောကြား

ယူကရိန်းတွင် ရုရှားတပ်ဖွဲ့ဝင် ၇၀၀,၀၀၀ နီးပါး တိုက်ပွဲဝင်နေကြောင်း ပူတင်ပြောကြား
Published 15 June 2024

ရုရှားသမ္မတဗလာဒီမာပူတင်က ယူကရိန်းတွင် ရုရှားတပ်ဖွဲ့ဝင် ၇၀၀,၀၀၀ နီးပါး တိုက်ပွဲဝင်နေကြောင်း ဇွန် ၁၄ ရက် ရုပ်မြင်သံ ကြားတွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့ အထူးစစ်ဆင်ရေးဇုန်အတွင်းမှာ တပ်ဖွဲ့ဝင် ၇၀၀,၀၀၀ နီးပါးရှိပါတယ်” ဟု ပူတင်ကဆို သည်။

ဒီဇင်ဘာလတွင် ၎င်း၏နှစ်ကုန်ပိုင်းသ တင်းစာရှင်းလင်းပွဲ၌ ပူတင်က တိုက်ခိုက်ရေး စစ်ဆင်ရေးများအတွင်း တပ်ဖွဲ့ဝင် ၆၁၇,၀၀၀ ပါဝင်နေသည်ဟု ပြောကြားခဲ့သည်။

ယင်းအရေအတွက်ထဲမှ ၂၄၄,ဝဝဝကို စစ်စည်းရုံးခဲ့ ခြင်းဖြစ်ကြောင်း ပူတင်ကဆိုသည်။ရုရှားတပ် ဖွဲ့က ယူကရိန်းအရှေ့မြောက်ပိုင်း ခါကိဗ်ဒေ သတွင် မေလက အကြီးစားမြေပြင်ထိုးစစ်ဆင် မှု ပြုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ တိုက်ပွဲဝင်နေ သည့်စစ်သည်အရေအတွက်ကို နောက်ဆုံး အကြိမ် ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရုရှားအစိုးရက ပဋိပက္ခတစ်လျှောက်ကြုံတွေ့ ခဲ့သော ဆုံးရှုံးမှုများနှင့်ပတ်သက်၍ ထုတ် ဖော်ပြောဆိုမှုမှာ ရှားပါးပြီး ယင်းပဋိပက္ခကို အထူးစစ်ဆင်ရေးတစ်ရပ်ဟု ဆက်လက်ခေါ် ဆိုလျက်ရှိသည်။

၂၀၂၂ ခုနှစ် စက်တင်ဘာ တွင် တရားဝင်ထုတ်ပြန်ခဲ့သော စာရင်းဇယား ၌ တိုက်ပွဲအတွင်း စစ်သား ၅,၉၃၇ ဦးသေဆုံး ခဲ့သည်ဟု ဆိုသည်။သို့သော် အနောက်နိုင်ငံ များ၏ ထောက်လှမ်းရေးအဖွဲ့များနှင့် အလွတ် တန်းအဖွဲ့အများအပြား၏ အကဲဖြတ်ချင့် တွက်မှုအရ ရုရှားတပ်ဖွဲ့ဝင် သောင်းချီသေ ဆုံးခဲ့သည်ဟုဆိုသည်။                   

Ref: AFP

Photo: AFP

Most Read

Most Recent