တရုတ်နိုင်ငံရှိ ဥယျာဉ်တစ်ခုတွင် အမေရိကန်တက္ကသိုလ်ကျောင်းဆရာ လေးဦး ဓားထိုးခံရ

တရုတ်နိုင်ငံရှိ ဥယျာဉ်တစ်ခုတွင် အမေရိကန်တက္ကသိုလ်ကျောင်းဆရာ လေးဦး ဓားထိုးခံရ
Photo: Getty Images
Photo: Getty Images
Published 11 June 2024

တရုတ်နိုင်ငံရှိ ပန်းခြံဥယျာဉ်တစ်ခုတွင်  အမေရိကန်ကောလိပ်ကျောင်းဆရာလေးဦး ဓားထိုးခံရသဖြင့် ဆေးရုံတင်လိုက်ရသည်။ အဆိုပါကျောင်းဆရာလေးဦးက အမေရိကန်အိုင်အိုဝါပြည်နယ်ရှိ ကော်နယ်ကောလိပ်  ကျောင်းမှဆရာများဖြစ်ပြီး တရုတ်မြောက်ပိုင်း ကျီးလင်ပြည်နယ်ရှိဥယျာဉ်တစ်ခုသို့ ဇွန် ၁၀ ရက်က သွားလည်ရင်း တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဓားထိုးမှုဖြစ်စဉ်ကို ၎င်းတို့သိထားသည်ဟု ဘီဘီစီသတင်းဌာနကိုပြောပြီး အခြားမည်သည့်မှတ်ချက်မှမပေးပေ။ကျောင်းဆရာလေးဦးက တရုတ်တက္ကသိုလ်တစ်ခုနှင့်ပူးပေါင်းထားမှုအရ တရုတ်သို့ရောက်နေခြင်းဖြစ်သည်ဟု ကော်နယ်ကောလိပ်ကထုတ်ပြန်သည်။

အခင်းဖြစ်နေရာကိုရိုက်ကူးထားသည့် မြင်ကွင်းဓာတ်ပုံများ ဆိုရှယ်မီဒီယာတွင် ပျံ့လာပြီးနောက် တရုတ်လူမှုကွန်ရက်များတွင်  ထိုပုံရိပ်များကို ဖယ်ပစ်လိုက်ပုံရသည်။ဇွန် ၁၁ ရက်တွင် တရုတ်ဆိုရှယ်မီဒီယာများ၌ “နိုင်ငံခြားသား ကျီးလင်” ဆိုသည့် အတိုကောက်ရှာဖွေမှုများ ရှာ၍မရတော့ပေ။

အမေရိကန်-တရုတ်နှစ်နိုင်ငံသည် နိုင်ငံသားချင်းဖလှယ်စေလွှတ်မှုများ ပြန်လည်စတင်ရန်ကြိုးစားလာကြပြီး ၊ နောက်ငါးနှစ်အတွင်း  အမေရိကန်လူငယ်၅၀,၀၀၀ ကို ဖိတ်ခေါ်မည့် အစီအစဉ်တစ်ရပ်ကို တရုတ်သမ္မတက ကြေညာထားကာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏သတိပေးချက်ကြောင့် ၎င်းတို့နိုင်ငံသားများ တရုတ်သို့မလာရဲဖြစ်နေဟု တရုတ်သံတမန်များကပြောနေသည်။    

Ref: BBC

Most Read

Most Recent