ဘုန်းမောက်အသင်းနှင့် ချုပ်ဆိုထားသည့် အင်္ဂလန်တိုက်စစ်မှူး ဆိုလန်ကီ၏ လက်ရှိစာချုပ်တွင် လျော်ကြေးပါဝင်

ဘုန်းမောက်အသင်းနှင့် ချုပ်ဆိုထားသည့် အင်္ဂလန်တိုက်စစ်မှူး ဆိုလန်ကီ၏ လက်ရှိစာချုပ်တွင် လျော်ကြေးပါဝင်
Photo: Getty Images
Photo: Getty Images
Published 8 June 2024

 

ဘုန်းမောက်အသင်းနှင့် ချုပ်ဆိုထားသည့် အင်္ဂလန်တိုက်စစ်မှူး ဆိုလန်ကီ၏စာချုပ်တွင်လျော်ကြေးပါဝင်ကြောင်း သိရသည်။  

အသက် ၂၆ နှစ်အရွယ်ရှိ ဆိုလန်ကီသည် ပြီးခဲ့သည့် ၂၀၂၃-၂၄ ရာသီတွင် ဘုန်းမောက် အသင်းအတွက် ခြေစွမ်းပြနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ၃၈ ပွဲတွင် ၁၉ ဂိုး သွင်းယူပေးနိုင်ခဲ့သည်။ 

ထို့ကြောင့် ၎င်းကို ခေါ်ယူရန် ပရီးမီးယားကလပ်အသင်းများအပါအဝင် ဥရောပကလပ်အသင်းများပါ စိတ်ဝင်စားနေကြကြောင်း သိရှိရသည်။ The Athletic ၏ဖော်ပြမှုအရ ဘုန်းမောက်အသင်းနှင့် ချုပ်ဆိုထားသည့် ဆိုလန်ကီ၏ စာချုပ်မှာ လျော်ကြေးပါဝင်နေပြီး ပေါင် ၆၅ သန်းဖြစ်ကြောင်း သိရှိရသည်။ 

ဆိုလန်ကီသည် ၂၀၁၉ တွင် လီဗာပူးလ်အသင်းထံမှ ဘုန်းမောက်အသင်းထံသို့ ပေါင် ၁၉ သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး လက်ရှိတွင် ဘုန်းမောက်အသင်းနှင့်၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေကြောင်း သိရှိရသည်။ 

Most Read

Most Recent