ကိုပါအမေရိကပြိုင်ပွဲတွင် ဆုကြေးငွေများ တိုးမြှင့်

ကိုပါအမေရိကပြိုင်ပွဲတွင် ဆုကြေးငွေများ တိုးမြှင့်
Photo : Getty Images
Photo : Getty Images
Published 27 May 2024

လာမည့်ဇွန်လတွင် စတင်ကျင်းပမည့် ၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲ၌ ဆုကြေးငွေများ တိုးမြှင့်ထားပြီး ချန်ပီယံဆုရရှိသည့်အသင်းအနေဖြင့် ဆုကြေး ဒေါ်လာ(၁၆)သန်း ရရှိမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲအတွက် စုစုပေါင်းဆုကြေး ဒေါ်လာ(၇၂)သန်း အသုံးပြုသွားမည်ဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်မည့်အသင်းတိုင်း ဒေါ်လာ(၂)သန်းစီ ရရှိမည်ဖြစ်သည်။

၂၀၂၄ ကိုပါအမေရိကပြိုင်ပွဲတွင် အသင်း(၁၆)သင်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သောကြောင့် တစ်သင်းလျှင် (၂)သန်းစီဖြင့် (၃၂)သန်း အသုံးပြုမည်ဖြစ်ပြီး ကျန်သန်း(၄၀)ကို ဆုကြေးအဖြစ် ထပ်မံချီးမြှင့်မည်ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ပြိုင်ပွဲတွင် ဆုကြေးအဖြစ် ချီးမြှင့်သည့်ငွေကြေးပမာဏမှာ ဒေါ်လာ(၁၉.၅)သန်းသာရှိခဲ့သည့်အတွက် ယခုနှစ်၌ နှစ်ဆကျော် မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ပြိုင်ပွဲတွင် ချန်ပီယံဆုရရှိခဲ့သည့်အသင်းမှာ ဆုကြေး ဒေါ်လာ(၆.၅)သန်းသာရရှိ ခဲ့ပြီး ယခုနှစ်ပြိုင်ပွဲ၏ ချန်ပီယံအသင်းမှာမူ ဒေါ်လာ(၁၆)သန်းအထိ ရရှိမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်အတွက် ဆုကြေးချီးမြှင့်ရန် သတ်မှတ်ထားမှုမှာ ဗိုလ်လုပွဲတွင် ရှုံးနိမ့်သည့်အသင်း ဒေါ်လာ(၇)သန်း၊ တတိယရရှိသည့်အသင်း ဒေါ်လာ(၅)သန်း၊ စတုတ္ထရရှိသည့်အသင်း ဒေါ်လာ(၄)သန်း၊ ကွာတားဖိုင်နယ် ရောက်အသင်းများ ဒေါ်လာ(၂)သန်းစီ ရရှိမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent