NLD ပါတီနာယက သူရဦးတင်ဦး၏ နာရေးမြင်ကွင်းဓာတ်ပုံများ

NLD ပါတီနာယက သူရဦးတင်ဦး၏ နာရေးမြင်ကွင်းဓာတ်ပုံများ
Published 5 June 2024

ဇွန် ၅ ရက်တွင် သူရဦးတင်ဦး၏ ရုပ်အလောင်းကို နေ့လယ် ၁ နာရီမှစတင်ကာ နေအိမ်မှတစ်ဆင့် ရေဝေးသုသာန်သို့ စတင်ပို့ဆောင်လျက်ရှိသည်။

NLD ပါတီနာယက သူရဦးတင်ဦး၏ ရုပ်ကလာပ်တင်ဆောင်ထားသောယာဉ်ကို စာရေးဆရာမ ဒေါ်သန်းမြင့်အောင်နှင့် သရုပ်ဆောင်ထွန်းကိုကိုတို့က မောင်းနှင်ပို့ဆောင်ပေးခဲ့သည်။

ရွှေညဝါဆရာတော်က သံဝေဂထာတရားဟောကြားတော်မူခဲ့ပြီး ကောင်းရာသုဂတိရောက်စေရန် ဆုတောင်းပေးခဲ့သည်။

NLD ပါတီနာယက သူရဦးတင်ဦး၏ ရုပ်ကလပ်တင်ဆောင်ထားသောယာဉ်ကို ဒေါ်အောင်ဆန်းစုကြည်နေထိုင်ခဲ့သည့် ခြံအမှတ် ၅၄ ရှိသော တက္ကသိုလ်ရိပ်သာလမ်းမှ ဖြတ်သန်း၍ ကမ္ဘာအေးဘုရားလမ်းမှတစ်ဆင့် ရေဝေးသုဿန်သို့ ပို့ဆောင်လျက်ရှိသည်။

ဇွန် ၅ ရက် နံနက်ပိုင်းက NLD ပါတီနာယကကြီး သူရဦးတင်ဦး၏ နေအိမ်တွင် သံဃာတော်များကို ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ပြီး သမ္မတဟောင်း ဦးဝင်းမြင့်၏ဇနီး ဒေါ်ချိုချိုလည်း တက်ရောက်ခဲ့သည်။

NLD ပါတီနာယက သူရဦးတင်ဦး၏ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို ရေဝေးသုဿန်တွင် ယနေ့ညနေ ၄ နာရီတွင် ဂူသွင်းသဂြို င်္ဟ်မည်ဖြစ်သည်။

Most Read

Most Recent