ထိုင်းနိုင်ငံ စံခလဘူရီနယ်မြေအတွင်းသို့ အမှိုက်ကားဖြင့် ခိုးဝှက်လိုက်ပါလာသည် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၃၀ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ စံခလဘူရီနယ်မြေအတွင်းသို့ အမှိုက်ကားဖြင့် ခိုးဝှက်လိုက်ပါလာသည် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၃၀ ဦး ဖမ်းဆီးခံရ
Published 28 May 2024

ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင် စံခလဘူရီနယ်မြေအတွင်းသို့ အမှိုက်ကားဖြင့် ခိုးဝှက်လိုက်ပါလာကြသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၃၀ ဦးအား ထိုင်းအာဏာပိုင်များက မေ ၂၇ ရက် နံနက်စောပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းနိုင်ငံဘက်မှလာသည့် သတင်းများအရ သိရသည်။

ဖမ်းဆီးခံခဲ့ရသူများတွင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ ပါဝင်ကြောင်းနှင့် မြန်မာနိုင်ငံသား ၃၀ ဦးအပြင် ထိုင်းနိုင်ငံသားကားသမား နှစ်ဦးကိုလည်း ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ထိုင်းအာဏာပိုင်များ၏ စစ်ဆေးချက်များအရ ၎င်းမြန်မာနိုင်ငံသားများမှာ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်များ၏ ဖော်ပြထားချက်များအရ သိရသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေးအခြေအနေများကြောင့် မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံအတွင်းသို့ နယ်စပ်မှတဆင့် နည်းလမ်းပေါင်းစုံဖြင့် ဝင်ရောက်ရန် ကြိုးစားနေကြပြီး ထိုင်းအာဏာပိုင်များ၏ ဖမ်းဆီးခြင်းကိုလည်း ခံနေရကြောင်း သိရသည်။

Most Read

Most Recent