မွန်ပြည်နယ်ရှိ မိုင်းခွဲ ဖျက်ဆီးခံရသည့် ကျုံအိတ်တံတားပေါ်တွင် ယာယီဘေလီတံတားထိုးသည့်လုပ်ငန်း ပြီးစီးသွား၍ ယာဉ်များဖြတ်သန်းနိုင်ပြီဖြစ်သော်လည်း ကားလမ်းပိတ်ဆို့မှု ဆက်လက်ဖြစ်ပေါ်နေ

မွန်ပြည်နယ်ရှိ မိုင်းခွဲ ဖျက်ဆီးခံရသည့် ကျုံအိတ်တံတားပေါ်တွင် ယာယီဘေလီတံတားထိုးသည့်လုပ်ငန်း ပြီးစီးသွား၍ ယာဉ်များဖြတ်သန်းနိုင်ပြီဖြစ်သော်လည်း ကားလမ်းပိတ်ဆို့မှု ဆက်လက်ဖြစ်ပေါ်နေ
ယာယီဘေလီတံတားပေါ်မှ မော်တော်ယာဉ်တစ်စီး ဖြတ်သန်းနေစဉ်
ယာယီဘေလီတံတားပေါ်မှ မော်တော်ယာဉ်တစ်စီး ဖြတ်သန်းနေစဉ်
Published 29 May 2024
ဘိုဘိုမြင့်

ရန်ကုန် - မော်လမြိုင်ကားလမ်းပေါ်ရှိ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံထားရသည့် ကျုံအိတ်တံတားပေါ်တွင် ယာယီဘေလီတံတားထိုးသည့်လုပ်ငန်း ပြီးစီးသွား၍ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်သော် လည်း ကားလမ်းပိတ်ဆို့မှု ဆက်လက်ဖြစ်ပေါ် နေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျုံအိတ်တံတားပေါ်ရှိ ယာယီ ဘေလီတံတားအား ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီက ဆောင်ရွက်ခဲ့ရာ မေ ၂၈ ရက်တွင် လုပ်ငန်းများ ပြီးစီးသွား၍ မော်တော်ယာဉ်ငယ်များအား စမ်းသပ်ဖြတ်သန်း သွားလာခွင့်ပြုခဲ့ပြီးနောက်  မေ ၂၉ ရက်တွင် ယင်းယာယီဘေလီ တံတားပေါ်မှ မော်တော်ယာဉ်များ ဖြတ်သန်း သွားလာခွင့်ပြုလိုက်ပြီဟု သိရကြောင်း သထုံ ခရိုင်လမ်းဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “ကျုံအိတ်တံတား အပြင်ကို မစောတံတားကိုလည်း ယာယီဘေ လီတံတားမယ့်လုပ်ငန်းတွေ လုပ်ဆောင်နေပြီ လို့ သိရတယ်။ ကျုံအိတ်တံတားပေါ် ဘေလီ တံတားထိုးပြီးသွားပေမဲ့ နှစ်ဖက်စောင့်ဆိုင်း နေကြရတဲ့ ကားတွေက ထောင်နဲ့ချီပြီးတော့ ရှိနေတော့ ကားလမ်းပိတ်ဆို့မှုတွေက ဆက် ဖြစ်နေတယ်လို့ သိရတယ်”ဟု ပြောကြားသည်။

မော်လမြိုင်မှ ရန်ကုန်မြို့သို့ သွားသည့် ကားသမားတစ်ဦးကလည်း “မနက် ၇ နာရီ လောက်မှာ ကျိုက္ကော်အကျော်က မိုးကောင်း ဘုရားအထိ ရောက်တယ်။ အဲ့ဒီနေရာကနေ ပြီး မွန်းတည့် ၁၂ နာရီလောက်အထိ ကားက ထွက်မရသေးဘူး။ ဘီးလင်းဘက်ခြမ်းကနေ သထုံဘက်ခြမ်းကိုလာတဲ့ ကားတွေကို ဦးစား ပေးပြီး လွှတ်ပေးနေတာလို့ ပြောကြတယ်။ ကားတွေကို အလှည့်ကျလေးလွှတ်ပေးရင် တော့ ပိုကောင်းတာပေါ့”ဟု ပြောကြားသည်။

ပြီးခဲ့သည့် မေ ၁၁ ရက် နံနက်အစောပိုင်း က သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြား ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အ မှတ် (၁၃၁/၆) နှင့် (၁၃၁/၇) ကြားရှိ တံတား အမှတ် (၁၃၂/၃) ကျုံအိတ်တံတားမှာ ဒုတိ ယအကြိမ် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခံခဲ့ ရရာ ယခင်က မိုင်းခွဲခံရပြီး ကျန်ရစ်ခဲ့သည့် တံတားတစ်ခြမ်းနှင့် ဘေလီတံတားထိုးထား သည့်အခြမ်းပါ ပြိုကျပျက်စီးခဲ့သည်။

မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခံခဲ့ရသည့် ကျုံအိတ်တံတားဘေးတွင် ယာယီမြေသားရှောင်ကွင်းလမ်းပြုလုပ်နေစဉ် မေ ၁၃ ရက် ကလည်း ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံခဲ့ရသေး သည့်အပြင် မေ ၁၇ ရက်မှ ၂၁ ရက်အတွင်း တွင်လည်း ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်ခံခဲ့ရသေး ကြောင်း သိရသည်။

          ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန် ၂၉ ရက် နံနက် ၄ နာရီခွဲခန့်ကလည်း အဆိုပါ ကျုံအိတ်တံ တားအား  ုြ့ တပ်မဟာ (၁)၊ တပ်ရင်း (၂) မှ ုြူဗ။ဏီင်္ ပူးပေါင်းတပ်ဖွဲ့က ပထမအ ကြိမ် မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း၊ တံတားမိုင်းခွဲ ခံရသည့်အတွက် တံတားတစ်ခြမ်းပြိုကျပျက် စီးခဲ့ကြောင်း၊ တံတားကျိုးကျချိန်တွင် အိမ်စီး ကားသုံးစီး ပျက်စီးခဲ့ရာ နှစ်စီးမှာ ချောင်းအ တွင်း ပြုတ်ကျပျက်စီးခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

          ထို့နောက် ဇွန် ၂၉ ရက် နံနက် ၆ နာရီ ဝန်းကျင်တွင် မိုင်းခွဲခံရပြီးနောက် ထိခိုက်ပျက် စီးခဲ့သည့် ကျုံအိတ်တံတားကို စစ်ဆေးရန် လာရောက်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ထပ်မံတိုက်ခိုက် ခံရပြီး သထုံခရိုင်လမ်းဦးစီးမှူးတစ်ဦး သေ ဆုံးကာ ၂၈ ဦး ဒဏ်ရာရရှိခဲ့သည်။

          မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် ကျုံအိတ်တံ တားအား ယာယီဘေလီတံတားထိုးရန် တံတား တည်ဆောက်ရေးအဖွဲ့များက လုပ်ဆောင်နေ စဉ် ရှစ်ကြိမ်ထက်မနည်း ီမသစ သြာဘ ချ တိုက်ခိုက်ခံခဲ့ရသော်လည်း ၂၀၂၃ ခုနှစ် ဇူလိုင် ၂၆ ရက်တွင် ယာယီဘေလီတံတားထိုးနိုင်ခဲ့ပြီး မော်တော်ယာဉ်များ ပုံမှန်နီးပါးပြန်လည်သွား လာနိုင်ခဲ့ကြောင်း သိရသည်။