■ ဝန်းသိုမြို့မှ မန္တလေးမြို့သို့ ဆေးခန်းလာပြသည့် အမျိုးသမီးတစ်ဦး အပူချိန်ပြင်းထန်မှုကြောင့် ဆီးချိုတက်ကာ မော်တော်ယာဉ်ပေါ်တွင် သေဆုံး

■ ဝန်းသိုမြို့မှ မန္တလေးမြို့သို့ ဆေးခန်းလာပြသည့် အမျိုးသမီးတစ်ဦး အပူချိန်ပြင်းထန်မှုကြောင့် ဆီးချိုတက်ကာ မော်တော်ယာဉ်ပေါ်တွင် သေဆုံး
Published 24 April 2024

■ ဝန်းသိုမြို့မှ မန္တလေးမြို့သို့ ဆေးခန်းလာပြသည့် အမျိုးသမီးတစ်ဦး အပူချိန်ပြင်းထန်မှုကြောင့် ဆီးချိုတက်ကာ မော်တော်ယာဉ်ပေါ်တွင် သေဆုံး

■  မန္တလေးတွင် အပူချိန်ပြင်းထန်မှုကြောင့် တစ်ရက်လျှင် အနည်းဆုံး လူနှစ်ဦးခန့်ကို ကျန်းမာရေးအကူအညီများ ပေးနေရ

 

ဝန်းသိုမြို့မှ မန္တလေးမြို့သို့ ဆေးခန်း လာပြသည့် အမျိုးသမီးတစ်ဦး အပူချိန်ပြင်း ထန်မှုကြောင့် ဆီးချိုတက်ကာ မော်တော် ယာဉ်ပေါ်တွင် သေဆုံးခဲ့ကြောင်း မန္တလေးမြို့ အခြေစိုက် မဏီစလလူမှုကူညီရေးအသင်းထံ မှ သိရသည်။

အဆိုပါအမျိုးသမီးမှာ အသက် ၅၀ အ ရွယ်ခန့်ရှိပြီး ဧပြီ ၂၃ ရက်တွင် ဝန်းသိုမြို့မှ မန္တလေးမြို့သို့ ဆေးခန်းလာပြခြင်းဖြစ် ကြောင်း၊ မော်တော်ယာဉ် ဖြင့် လိုက်ပါလာစဉ် အပူချိန်ပြင်းထန်မှုကြောင့် ဆီးချိုများ တက် လာကာ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု အဆိုပါ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

“ မနေ့က အမျိုးသမီးဆိုရင် နေအပူချိန် များနေတော့ ဆီးချိုတွေတက်ပြီး ကားပေါ်မှာ ပဲ ဆုံးသွားတယ်။ ကျွန်တော်တို့အသင်းက ကူ ညီပြီး ဆေးရုံကြီးကို ပို့ပေးလိုက်ရပါတယ်” ဟု မဏီစလ လူမှုကူညီရေးအသင်းမှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းကလည်း မန္တ လေးစျေးချိုအနီးတွင် စျေးဝယ်နေသည့် အမျိုးသမီးတစ်ဦး အပူချိန်ပြင်းထန်မှုကြောင့် ရုတ်တရက်လဲကျကာ သေဆုံးခဲ့သည်။

အဆိုပါအမျိုးသမီးသည် ဧပြီ ၉ ရက် နံနက်ပိုင်းက မန္တလေးမြို့ စျေးချိုစျေး၂၈ x၂၉  နှင့် ၈၅ x ၈၆ လမ်းတွင် စျေးဝယ်နေစဉ် မူးလဲ သွားသောကြောင့် အနီးရှိ ပြည်သူတစ်ဦးက အကူအညီတောင်းခံခဲ့သဖြင့် မဏီစလ လူမှု ကူညီ‌ရေးအသင်းက သွားရောက်ကူညီခဲ့ သည်။

မူးလဲခဲ့သည့်အမျိုးသမီးသည် မန္တလေး ပြည်သူ့ဆေးရုံကြီး ဥဏီ သို့ ရောက်ရှိချိန်တွင် ဆုံးပါးသွားသဖြင့် ၎င်းင်းအမျိုးသမီးကို ရင်ခွဲရုံ သို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

မန္တလေးမြို့တွင် အပူချိန်ပြင်းထန်မှု ကြောင့် တစ်ရက်လျှင် အနည်းဆုံး လူနှစ်ဦး ခန့်ကို ကျန်းမာရေးအကူအညီများ ပေးနေရ သည်ဟု မန္တလေးမြို့ခံလူမှုကူညီရေးအသင်း များထံမှ သိရသည်။

“အခုရက်ပိုင်းက တစ်ရက်ကို နှစ်ဦး နှုန်းလောက် အကူအညီပေးနေရတယ်။ အ များဆုံးက အပူရှပ်တာတို့၊ အပူချိန်မြင့်လို့ သွေးတိုးတာတို့၊ ဆီးချိုတက်တာတို့ဖြစ်တော့ အကူအညီပေးနေရတယ်” ဟု မဏီစလလူမှု ကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အများဆုံး ကူညီပေးနေရသည့် အ သက်အရွယ်များမှာ အသက်ကြီးပိုင်းများဖြစ် ပြီး ၅၀ အထက် လူကြီးများဖြစ်သည်ဟု အဆို ပါအသင်းထံမှ သိရသည်။

Most Read

Most Recent