ပါတေးကို ပွဲကစားခွင့်ပိုပေးရန် အာဆင်နယ်ပရိသတ်အချို့ တောင်းဆို

ပါတေးကို ပွဲကစားခွင့်ပိုပေးရန် အာဆင်နယ်ပရိသတ်အချို့ တောင်းဆို
Photo : Getty Images
Photo : Getty Images
Published 22 April 2024

အာဆင်နယ်အသင်း၏ ပရိသတ်အချို့သည် ဂါနာလက်ရွေးစင်ကွင်းလယ်ကစားသမား ပါတေးကို ပွဲကစားခွင့်ပိုပေးရန် နည်းပြ အာတီတာအား တောင်းဆိုခဲ့ကြောင်း သိရသည်။

ပါတေးသည် ပြီးခဲ့သည့်ရာသီက အသင်း၏ အမာခံကစားသမားတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့သော်လည်း လက်ရှိရာသီတွင်မူ ပွဲအနည်းငယ်သာ ကစားခွင့် ရရှိထားသည်။

ပရိသတ်အချို့က အာတီတာအနေဖြင့် ထိပ်တန်းအဆင့် ကွင်းလယ်ခံစစ်ကစားသမားတစ်ဦးဖြစ်သော ပါတေးကို ယုံကြည်စွာနေရာပေးသင့်သည်ဟု ထောက်ပြခဲ့ပြီး အာတီတာအနေဖြင့် ဘိုင်ယန်မြူးနစ်နှင့်ပွဲတွင် ပါတေးကိုသာ ပွဲထွက်ကစားသမားအဖြစ် အသုံးပြုခဲ့ရပါက ပြိုင်ပွဲမှ ထွက်ခဲ့ရမည်မဟုတ်ဟုလည်း ဝေဖန်ပြစ်တင်ခဲ့သည်။

Most Read

Most Recent