ယခုနှစ်အတွင်း ထိုင်းနိုင်ငံသို့ ယင်းလပ်ပြန်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း သက်ဆင်ပြောကြား

ယခုနှစ်အတွင်း ထိုင်းနိုင်ငံသို့ ယင်းလပ်ပြန်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း သက်ဆင်ပြောကြား
 ယင်းလပ်၏ Facebook page တွင်တင်ထားသည့် ဓာတ်ပုံတွင် ၂၀၂၃ ခုနှစ် သြဂုတ်လက သက်ဆင်၏ ကိုယ်ပိုင်လေယာဉ်ပေါ်၌ သက်ဆင် (ဝဲ) နှင့် ညီမဖြစ်သူ ယင်းလပ်တို့ကို တွေ့ရစဉ်
 ယင်းလပ်၏ Facebook page တွင်တင်ထားသည့် ဓာတ်ပုံတွင် ၂၀၂၃ ခုနှစ် သြဂုတ်လက သက်ဆင်၏ ကိုယ်ပိုင်လေယာဉ်ပေါ်၌ သက်ဆင် (ဝဲ) နှင့် ညီမဖြစ်သူ ယင်းလပ်တို့ကို တွေ့ရစဉ်
Published 15 April 2024

ယခုနှစ်အတွင်း ထိုင်းနိုင်ငံအတွင်းသို့ ညီမဖြစ်သူ ယင်းလပ်ရှင်နာဝပ် ပြန်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း ခံဝန်ဖြင့် ပြန်လည်လွတ်မြောက်လာသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်က ပြောကြားခဲ့သည်။

သက်ဆင်သည် ဧပြီ ၁၄ ရက်က ချင်းမိုင်သို့ မရောက်ရှိမီ Wat Phra That Doi Suthep ဗုဒ္ဓဘာသာ ဘုရားကျောင်းသို့ သွားရောက်သည့်ခရီးစဉ်အတွင်း ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းလပ်သည် သက်ဆင်အား ထိုင်းနှစ်သစ်ကူး ဆုတောင်းစကားပြောကြားခဲ့ပြီး လာမည့်နှစ် ဆောင်ခရမ် ရေကစားပွဲတော်အတွင်း သူတို့နှစ်ဦးအတူတကွကုသိုလ်ကောင်းမှုပြုလုပ်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

အသက် ၅၇ နှစ်အရွယ် ယင်းလပ်သည် ပြည်ပတွင် တစ်ကိုယ်တည်း အထီးကျန်နေပြီး ထိုင်းနိုင်ငံသို့ ပြန်လာရန်ဆန္ဒရှိနေကြောင်း၊ ယင်းလပ်သည် ယခုနှစ်အတွင်း ထိုင်းသို့ပြန်လာလိမ့်မည်ဟု မျှော်လင့်ရကြောင်း အသက် ၇၅ နှစ်အရွယ် သက်ဆင်က ပြောကြားခဲ့သည်။

ယင်းလပ်သည် ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ချိန်က အစိုးရ၏ ဆန်စပါးအရှုပ်တော်ပုံဖြင့် ၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၇ ရက်က မျက်ကွယ်ပြစ်ဒဏ်အဖြစ်ထောင်ဒဏ် ငါးနှစ် ချမှတ်ခံခဲ့ရသည်။

Ref: Bangkok Post

 

Most Read

Most Recent