ယူကရိန်းကို တိုက်ခိုက်ရေးဒရုန်း အစင်း ၃၀၀၀ ခန့် ထောက်ပံ့မည်ဟု လစ်သူယေးနီးယား ပြောကြား

ယူကရိန်းကို တိုက်ခိုက်ရေးဒရုန်း အစင်း ၃၀၀၀ ခန့် ထောက်ပံ့မည်ဟု လစ်သူယေးနီးယား ပြောကြား
Published 7 April 2024
Ref: AFP

ရုရှားနှင့် စစ်ပွဲဖြစ်ပွားနေသည့် ယူကရိန်းနိုင်ငံကို တိုက်ခိုက်ရေးဒရုန်း အစင်း ၃၀၀၀ ခန့် ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ဒဏ်ရာရ ယူကရိန်းစစ်သားများအတွက် ပြန်လည်နာလန်ထူရေးစင်တာ သုံးခုကိုလည်း ကူညီတည်ဆောက်ပေးမည်ဖြစ်ကြောင်း လစ်သူယေးနီးယားနိုင်ငံက ဧပြီ ၅ ရက်တွင် ပြော ကြားခဲ့သည်။ 

“သိပ်မဝေးတဲ့ အနာဂတ်မှာ လစ်သူရေးနီးယားဟာ ယူကရိန်းကိုထောက် ပံ့ပေးဖို့အတွက် ပြည်တွင်းလုပ် FPV ဒရုန်း အစင်း ၃၀၀၀ ကို ဝယ်ယူသွားမှာပါ။ စုစုပေါင်း ယူရို ၂ သန်းလောက် ကုန်ကျမှာဖြစ် ပါတယ်” ဟု လစ်သူယေးနီးယားဝန်ကြီးချုပ် အင်ဂရီဒါစီမွန်နီတီက ယူကရိန်းဝန်ကြီးချုပ် ဒီနိစ်ရှမိုင်ဂယ်နှင့် ပူးတွဲပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ 

အဆိုပါ ဒရုန်းများ လွှဲပြောင်းပေးပိုမှုကို ယခုနှစ် အတွင်း စတင်လိမ့်မည်ဟုလည်း စီမွန်နီတီ က ပြောကြားခဲ့သည်။  ယူကရိန်း-ရုရှားစစ်ပွဲ စတင်သည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက တည်းက လစ်သူယေးနီးယားနိုင်ငံသည် ယူ ကရီန်းကို ယူရို ၁ ဘီလျံကျော်တန်ကြေးရှိ အ ကူအညီများထောက်ပံ့ပေးခဲ့ပြီး ထိုပမာဏ သည် ၎င်းင်းနိုင်ငံ၏ နှစ်စဉ် ဂျီဒီပီ၏ ၁ ဒသမ ၅၄ ရာခိုင်နှုန်းဖြစ်သည်ဟု လေ့လာသူများက ပြောကြားခဲ့သည်။

            

 

Most Read

Most Recent