ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မီးခိုးမြူများဖုံးလွှမ်းပြီး လေထုအညစ်ညမ်းဆုံးမြို့များစာရင်းတွင် ပါဝင်လာ

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မီးခိုးမြူများဖုံးလွှမ်းပြီး လေထုအညစ်ညမ်းဆုံးမြို့များစာရင်းတွင် ပါဝင်လာ
မတ် ၁၅ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မီးခိုးမူများဖုံးလွှမ်းနေပုံကို တွေ့ရစဉ် (Photo: AFP)
မတ် ၁၅ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မီးခိုးမူများဖုံးလွှမ်းနေပုံကို တွေ့ရစဉ် (Photo: AFP)
Published 16 March 2024

ထိုင်းနိုင်ငံ၏ ခရီးသွားများလာရောက်လေ့ရှိသည့် ချင်းမိုင်မြို့တွင် မတ် ၁၅ ရက်က မီးခိုမြူများဖုံးလွှမ်းခဲ့ပြီး ကမ္ဘာ့ လေထုအညစ်ညမ်းဆုံး မြို့များစာရင်းတွင် ပါဝင်ခဲ့သည်။

လေထုအရည်အသွေးကို စောင့်ကြည့်သည့် IQAir ဝက်ဘ်ဆိုက်က ချင်းမိုင်မြို့ကို လေထုအညစ်ညမ်းဆုံး မြို့များစာရင်းတွင် မတ် ၁၅ ရက်အစောပိုင်းက ထည့်သွင်းခဲ့ခြင်း ဖြစ်သည်။

သွေးကြောမျှင်များထဲအထိ ဝင်ရောက်နိုင်သည်အထိ သေးငယ်သည့် ကင်ဆာရောဂါ ဖြစ်စေနိုင်သည့် အမှုံအမွှားများဖြစ်သည့် PM2.5 ညစ်ညမ်းပစ္စည်း ပမာဏသည်ကျန်း မာရေးကို အလွန်ထိခိုက်စေသည့် အဆင့်အထိရောက်ရှိနေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ သတ်မှတ်ချက်ထက် ၃၅ ဆပိုမိုမြင့်မားခဲ့သည်။

“ဒီပမာဏက တော်တော်များပါတယ်။ ကိုဗစ်ကာလတုန်းကလိုပဲ နှာခေါင်းစည်းဝတ်ထားရပါတယ်” ဟု ၀ါရိုရွတ်စျေးတွင် လိမ္မော်သီးရောင်းချသူစြ်သည့် ကာမိုလ်(၆၂ နှစ်)က အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့ သည်။

အကျင့်ပျက်ခြစားမှုဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရသော်လည်း ခံဝန်ဖြင့်ဆောလျင်စွာ ပြန်လည်လွတ်မြောက်လာသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်သည် မတ် ၁၅ ရက် နံနက်ပိုင်းက ထိုစျေးသို့ လာရောက်ခဲ့ပြီး ၎င်းအား ထောက်ခံသူများနှင့် ဓာတ်ပုံရိုက်ချိန်တွင် နှာခေါင်းစည်းဝတ်ဆင်ထားသည်ကို တွေ့ရသည်။

သက်ဆင်၏ မွေးရပ်မြို့ဖြစ်သည့် ချင်းမိုင်မြို့တွင်  လေထုညစ်ညမ်းမှုများ မကြာခဏမြင့်တက်ခဲ့ပြီး အထူးသဖြင့် နှစ်တစ်နှစ်၏ အစောပိုင်းလများတွင် လယ်သမားများက စိုက်ခင်းများကို မီးရှို့ရှင်းလင်းမှုများကြောင့် မီးခိုးများထွက်လာပြီး လေထုညစ်ညမ်းမှုများ ကို ပိုမိုဆိုးရွားစေခဲ့သည်။

လေထုညစ်ညမ်းမှုများကြောင့် ကျန်းမာရေးပြဿနာများကို ဂရုစိုက်ရန် အသိပညာပေးမှုများကို တိုးမြှင့်လုပ်ဆောင်နေချိန်တွင် ဝန်ကြီးချုပ် ဆရာထာထာဝီဆင်း၏ အစိုးရအဖွဲ့သည် လေထုသန့်စင်ရေး Clean Air အက်ဥပဒေကို ဇန်နဝါရီလအတွင်း အတည်ပြုခဲ့သည်။

ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့်နှစ်အတွင်းကလည်း လေထုညစ်ညမ်းမှုနှင့်ဆက်နွှယ်သည့် ကျန်းမာရေးပြဿနာများကြောင့် လူပေါင်း ၁၀ သန်းကျော် ဆေးဝါးကုသမှုခံယူရန် လိုအပ်ခဲ့ကြောင်း အစိုးရ၏ အမျိုးသားစီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်ရေးကောင်စီ(NESDC)က ယခုသီတင်းပတ် အစောပိုင်းက ပြောကြားခဲ့ပြီး လေထုညစ်ညမ်းမှုကို တိုက်ဖျက်ရန် အစီအမံများ ပိုမိုလုပ်ဆောင်ရမည်ဟု တိုက်တွန်းခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ ၂၀၂၄ ခုနှစ် အစပိုင်းကလည်းက လူပေါင်း ၁ ဒသမ ၆ သန်းသည် လေထုညစ်ညမ်းမှုနှင့်ပတ်သက်သည့် ကျန်းမာရေးပြဿနာများကြောင့် ဆေးဝါးကုသမှုခံယူရန် လိုအပ်ခဲ့ကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့်လကလည်း ဘန်ကောက်မြို့တော်တွင် အဆိပ်သင့် လေထုညစ်ညမ်းမှု အန္တရာယ်ကို ရှောင်ရှားနိုင်ရန် ဝန်ထမ်းများအားနေအိမ်မှ အလုပ်လုပ်သည့် Work from home စနစ်ဖြင့် အလုပ်လုပ်ကြရန် အာဏာ ပိုင်များက တိုက်တွန်းခဲ့သည်။

ဖေဖော်ဝါရီ ၁၅ ရက်နှင့် ၁၆ ရက်တွင် လေထုညစ်ညမ်းမှုများကြောင့် အာဏာပိုင်များက ဘန်ကောက်မြို့တော်တွင်းရှိဝန်ထမ်းများကို work from home စနစ်ဖြင့် အလုပ်လုပ်ရန် တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

Ref: AFP

Most Read

Most Recent