■ ပရီးမီးယားလိဂ်ပွဲစဉ် (၂၈) ပွဲကြိုသုံးသပ်ချက်

■ ပရီးမီးယားလိဂ်ပွဲစဉ် (၂၈) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 8 March 2024

မန်ယူ - အဲဗာတန် (မြန်မာစံတော်ချိန် မတ်လ ၉ ရက် ည ၇:၀၀ နာရီ)

မန်ချက်စတာယူနို်က်တက်အတွက် အဆင့် (၄) နေရာ မျှော်လင့်ချက်က မဖြစ်နိုင်သလောက်ပါ။ ဒီပွဲပြီးရင်လည်း ဘရန့်ဖို့ဒ်၊ ချယ်လ်ဆီး၊ လီဗာပူးလ်ဆိုတဲ့ ပွဲကျပ်တွေကြောင့် အင်္ဂလိပ်အသင်းတွေ အောင်မြင်ရင် ချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်တဲ့အဆင့် (၅) နေရာကိုတော့ မှန်းလို့ရတယ်။ အဲဗာတန်က Form ပျက်နေတဲ့အသင်းဖြစ်ပြီး ဒီလိုအသင်းမျိုးကိုတော့ မန်ချက်စတာယူနို်က်တက် အနိုင်ရသင့်ပါတယ်။ ဂိုးတော့ ပြတ်မယ်မထင်ဘူး။ 



ဘုန်းမောက် - ရှက်ဖီးယူနိုက်တက် (မြန်မာစံတော်ချိန် မတ်လ ၉ ရက် ည ၉:၃၀ နာရီ)

ဘုန်းမောက်က ရလဒ်တွေ ဆက်တိုက်ဆိုးနေရာက ဘန်လေအသင်းနဲ့ပွဲမှာ ပထမဆုံးအကြိမ် နိုင်ပွဲပြန်လည် ရှာဖွေနိုင်ခဲ့တယ်။ ရှက်ဖီးယူနိုက်တက်အသင်းကတော့ စိတ်ဝင်စားစရာမရှိတဲ့အသင်းဖြစ်ပြီး နောက်ဆုံးကစားခဲ့တဲ့ (၃) ပွဲမှာ (၅) ဂိုးနဲ့အထက် ရှုံးပွဲ (၂) ပွဲရှိခဲ့တာကိုတွေ့ရတယ်။ ဘုန်းမောက်အသင်းရဲ့ အကောင်းဆုံးပုံစံမဟုတ်ရင်တောင် ရှက်ဖီးကိုတော့ နိုင်ဖို့ မခက်ပါဘူး။ ဘုန်းမောက် အနိုင်သေချာတယ်။ 



ခရစ္စတယ်ပဲလေ့စ် - လူတန် (မြန်မာစံတော်ချိန် မတ်လ ၉ ရက် ည ၉:၃၀ နာရီ)

ပဲလေ့စ်က စပါးအသင်းနဲ့ပွဲမှာ ကစားသမားအချို့ပြန်စုံလာပြီး ကစားပုံလည်း မဆိုးဘူးလို့ ပြောလို့ရတယ်။ ဒါပေမဲ့ ခံစစ်ပိုင်းက မမှားသင့်တဲ့အမှားတွေ ကျူးလွန်ခဲ့တာကြောင့် ဂိုးတွေ ပြန်ပေးခဲ့ရပြီး ရှုံးပွဲတွေ့ခဲ့တယ်။ လူတန်အသင်းက အကြိတ်အနယ်ကစားရင်း ရှုံးပွဲတွေ တွေ့နေတဲ့အသင်းပါ။ အခုလည်း ပဲလေ့စ်ကွင်းမှာ လူတန်အသင်း ရုန်းကန်ရဖို့ များတယ်။ 



ဝုလ်ဗ် - ဖူလ်ဟမ် (မြန်မာစံတော်ချိန် မတ်လ ၉ ရက် ည ၉:၃၀ နာရီ)

ဝုလ်ဗ်အသင်းက တောက်လျှောက်ခြေတက်နေပေမယ့် နယူးကာဆယ်နဲ့ပွဲမှာတော့ ဂိုးပြတ်ရှုံးခဲ့တယ်။ ဖူလ်ဟမ်က မန်ချက်စတာယူနိုက်တက်ကို အဝေးကွင်းမှာ အနိုင်ရပြီးချိန်မှာ ဘရိုက်တန်ကိုလည်း အိမ်ကွင်းမှာ ဂိုးပြတ်ထပ်သွင်းတယ်။ ဒီနှစ်သင်းကြားမှာ ခြေစွမ်းကွာဟမှုက ကျဉ်းမြောင်းပြီး ဝုလ်ဗ်အသင်းရဲ့ အိမ်ကွင်းလည်းဖြစ်နေတယ်။ ဒါပေမဲ့ ဖူလ်ဟမ်ရဲ့ Current Form ကြောင့် သရေကျသွားနိုင်တယ်။ 



အာဆင်နယ် - ဘရန့်ဖို့ဒ် (မြန်မာစံတော်ချိန် မတ်လ ၉ ရက် ည ၁၂:၀၀ နာရီ)

အာဆင်နယ်က ချန်ပီယံဖလားအတွက် စိန်ခေါ်ချင်တဲ့အသင်းမှန်ရင်၊ စစ်မှန်တဲ့ ပြိုင်ဆိုင်သူမှန်ရင် လီဗာပူးလ်-မန်စီးတီး ထိပ်တိုက်တွေ့တဲ့  အခြေအနေမှာ အခွင့်အရေးကို အပြည့်အဝ အသုံးချနိုင်ရမယ်။ အသုံးချနိုင်သင့်တယ်။ လက်ရှိတိုက်စစ်၊ ကစားပုံ၊ စိတ်ဓာတ်ပိုင်းတွေအားလုံးက အမြင့်ဆုံးအခြေအနေမှာလည်း ရှိနေတယ်။ အာဆင်နယ် ဂိုးပြတ်နိုင်ပွဲထပ်ရနိုင်ပါတယ်။ 

Most Read

Most Recent