ချစ်ပ်ပြား ထုတ်လုပ်သည့်ကုမ္ပဏီများ၏ ဆာဗာစနစ်ထဲ မြောက်ကိုရီးယားက ဝင်ရောက်နှောင့်ယှက်ခဲ့ဟု တောင်ကိုရီးယား ပြောကြား

ချစ်ပ်ပြား ထုတ်လုပ်သည့်ကုမ္ပဏီများ၏ ဆာဗာစနစ်ထဲ မြောက်ကိုရီးယားက ဝင်ရောက်နှောင့်ယှက်ခဲ့ဟု တောင်ကိုရီးယား ပြောကြား
Published 6 March 2024
 Ref: BBC

မြောက်ကိုရီးယားဘက်က  တောင်ကိုရီးယားချစ်ပ်ပြားထုတ်လုပ်သည့် ကုမ္ပဏီများ၏ ဆာဗာစနစ်အတွင်းသို့ ဝင်ရောက်ခဲ့သည်ဟု တောင်ကိုရီးယားထောက်လှမ်းရေး အေဂျင်စီ(NIS)ကပြောသည်။

မြောက်ကိုရီး ယားက ၎င်းတို့၏လက်နက်စီမံကိန်းအတွက်  semi conductors များထုတ်လုပ်ရန် ကြိုးပမ်း နေသည်ဟု NIS ကဆိုပြီး ၊ လာမည့်ရွေး ကောက်ပွဲတွင် ဝင်စွက်ဖက်ရန် မြောက်ကိုရီး ယားဘက်က ဆိုက်ဘာတိုက်ခိုက်မှုကဲ့သို့ ရန် စမှုများ ပြုလုပ်လာနိုင်သည်ဟု ပြီးခဲ့သည့် တစ်လအလိုကတည်းက တောင်ကိုရီးယား သမ္မတယွန်းဆော့ယိုက သတိပေးခဲ့သည်။

ပြီးခဲ့သည့်နှစ်ကလည်း သမ္မတယွန်း၏ လက်ထောက်တစ်ဦး၏ အီးမေးလ်ကို မြောက်ကိုရီး ယားဘက်က ဝင်ဟက်ခဲ့သည်။

အရေးယူပိတ်ဆို့မှုများကြောင့် မြောက်ကိုရီးယားက ပြည်တွင်း၌ semi conductors များ ထုတ်ရန် ပြင်ဆင်နေခြင်းဖြစ်လောက်မည်ဟု NIS ထုတ်ပြန်ချက်တွင်ပါရှိပြီး ဂြိုဟ်တုနှင့်ဒုံးကျည်များ အပါအဝင် လက်နက်စီမံကိန်းအတွက် ချစ်ပ်ပြားများ လိုအပ်နေ၍ ဖြစ်မည်ဟု ဆိုသည်။

ပြီး ခဲ့သည့်ဒီဇင်ဘာနှင့် ဖေဖော်ဝါရီတွင် ချစ်ပ် ပြားကုမ္ပဏီနှစ်ခု၏ ဆာဗာများအတွင်းသို့ မြောက်ကိုရီးယားကဝင်ရောက်ခဲ့ပြီး ထုတ် ကုန်ဒီဇိုင်းများနှင့် အဆောက်အအုံဓာတ်ပုံ များကို ခိုးသွားသည်ဟု NIS ကယူဆကာ အခြားချစ်ပ်ကုမ္ပဏီများလည်း ကြိုတင်ကာ ကွယ်ထားရန် တိုက်တွန်းခဲ့သည်။

Most Read

Most Recent