ထိုင်ဝမ်တွင် ငလျင်လှုပ်ခတ်ပြီးနောက် ဆက်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်နေသည့်နေရာများရှိ ခရီးသွားများကို ဘေးကင်းစွာကယ်တင်နိုင်ရန် ကြိုးပမ်းနေ

ထိုင်ဝမ်တွင် ငလျင်လှုပ်ခတ်ပြီးနောက် ဆက်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်နေသည့်နေရာများရှိ ခရီးသွားများကို ဘေးကင်းစွာကယ်တင်နိုင်ရန် ကြိုးပမ်းနေ
ဧပြီ ၆ ရက်က  ဟွာလျန်မြို့ရှိ တာရိုကို အမျိုးသားဥယျာဉ်တွင် ပိတ်မိနေသူများကို အမျိုးသားလေထီးတပ်ဖွဲ့က ရဟတ်ယာဉ်ဖြင့် ဘေးကင်းသည့်နေရာသို့ ခေါ်ထုတ်ပေးနေစဉ်
ဧပြီ ၆ ရက်က  ဟွာလျန်မြို့ရှိ တာရိုကို အမျိုးသားဥယျာဉ်တွင် ပိတ်မိနေသူများကို အမျိုးသားလေထီးတပ်ဖွဲ့က ရဟတ်ယာဉ်ဖြင့် ဘေးကင်းသည့်နေရာသို့ ခေါ်ထုတ်ပေးနေစဉ်
Published 7 April 2024

ထိုင်ဝမ်တွင် အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီးနောက် လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်ခြင်း၊ လိုဏ်ခေါင်းများ ပိတ်ဆို့ ခြင်းတို့ဖြစ်ပွားခဲ့ကာ တောင်တန်းဒေသများတွင် လူပေါင်းရာချီ သောင်တင်နေခဲ့ပြီး နောက် ထိုင်ဝမ်ကယ်ဆယ်ရေးရဟတ်ယာဉ်များက ဧပြီ ၆ ရက်တွင် ခရီးသွားများကို ဘေး ကင်းစွာကယ်ထုတ်ရန် ကြိုးပမ်းလျက်ရှိသည်။

ထိုင်ဝမ်တွင် ဧပြီ ၃ ရက်က ရစ်ချ်တာစကေး ၇ ဒသမ ၂ ပြင်းအားရှိ ငလျင်လှုပ်ခတ်မှုကြောင့် လူ ၁၂ ဦးထက်မနည်းသေဆုံးကာ လူပေါင်း ၁၁၀၀ ကျော်ဒဏ်ရာရရှိခဲ့ပြီး အဆောက်အအုံများပြိုကျခဲ့သည်။

ကယ်ဆယ်ရေးသမားများသည် တောင်တက်လမ်းကြောင်းပေါ်ရှိ အပျက်အစီးများ အောက်တွင် ပိမိနေသည့် အလောင်းနှစ်လောင်းကို ဆွဲထုတ်နိုင်ရန် အကြီးစားစက် ယန္တရားများကို အသုံးပြုရန် စီစဉ်လျက်ရှိသည်။

တာရိုကို အမျိုးသားဥယျာဉ်၏ ရှာကာဒန် တောင်လမ်းပေါ်တွင် လူလေးဦးထက်မနည်း ပျောက်ဆုံးနေဆဲဖြစ်သည်။

ဧပြီ ၆ ရက်က နောက်ဆက်တွဲ ငလျင်ငယ်များ လှုပ်ခတ်မှုကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်ကို ယာယီဆိုင်းငံ့ခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ပြန်လည်စတင်ခဲ့သည်။

တာရိုကို ဥယျာဉ်ရှိ ဟိုတယ်တစ်ခုအတွင်း လူပေါင်း ၄၅၀ ခန့်အပါအဝင် လူပေါင်း ၆၀၀ ကျော်သည် မတူညီသည့် နေရာဒေသများတွင် ပိတ်မိနေဆဲဖြစ်သည်။

သို့သော် အမျိုးသားလေထီးတပ်ဖွဲ့ကမူ တာရိုကို အမျိုးသားဥယျာဉ်အနီး လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်နေသည့်နေရာသို့ သွားရောက်ခဲ့ပြီး ခရီးသွားများကို ရဟတ်ယာဉ်များဖြင့် ဘေးကင်းစွာ ကယ်ထုတ်နိုင်ရန် ကြိုးပမ်းခဲ့သည်။

အေအက်ဖ်ပီသတင်းထောက်တစ်ဦးက  ပထမရဟတ်ယာဉ်တစ်စင်းတွင်ပေါ်တွင် လူ ၁၂ ဦးကို ကယ်ထုတ်လာနိုင်ခဲ့ပြီး ဒုတိယရ ဟတ်ယာဉ်ပေါ်တွင် လူ ၁၆ ဦးကို ကယ်ထုတ်လာနိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။

“သက်ကြီးရွယ်အိုတွေ၊ အမျိုသမီးတွေ၊ ကလေးတွေနဲ့ နာတာရှည်ရောဂါသည်တွေကို ဦးစားပေးပြီး အရင်ဆုံးကယ်ထုတ်နေပါတယ်”ဟု ထိုင်ဝမ်၏ ET Today သတင်းဝက်ဘ်ဆိုင်တွင် ဖော်ပြခဲ့သည်။

“အကုန်လုံးက တောင်ပေါ်ကနေ ဆင်းလာရလို့ ပင်ပန်းနေတာတောင် သူတို့ပြုံးနေနိုင်ပါသေးတယ်”ဟု အဆိုပါ သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

ကယ်ဆယ်ရေးသမားများသည် ချက်ချင်းကယ်ထုတ်ရန်မဖြစ်နိုင်သေးသည့် မူလ တန်းကျောင်းတစ်ကျောင်းတွင် ခိုလှုံနေထိုင်လျက်ရှိသည့်  ကျောင်းသားများ၊ ဆရာများနှင့် ဒေသခံများအတွက် စားနပ်ရိက္ခာများနှင့် ထောက်ပံ့ရေးသေတ္တာများကို လေယာဉ်ဖြင့် ကြဲချပေးလျက်ရှိသည်။

ဧပြီ ၃ ရက်က လှုပ်ခတ်ခဲ့သည့် ရစ်ချ်တာစကေး ၇ ဒသမ ၄ ပြင်းအားရှိ ငလျင်သည်  ၁၉၉၉ ခုနှစ် စက်တင်ဘာလက လှုပ်ခတ်ခဲ့သည့် ရစ်ချ်တာစကေး ၇ ဒသမ ၆  ပြင်းအားရှိသည့် ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း အားအပြင်းဆုံးဖြစ်သည်ဟု ထိုင်ဝမ်မိုးလေဝသ ဗဟိုဦးစီးဌာနလက်အောက်ရှိ မြေငလျင်ဌာန ညွှန်ကြားရေးမှူး ဝူချန်းဖူက ပြောကြားခဲ့ သည်။

၁၉၉၉ ခုနှစ် ငလျင်သည် ထိုင်ဝမ်ကျွန်း၏ သမိုင်းတစ်လျှောက်တွင် လူအသေအပျောက်အများဆုံး သဘာဝဘေးအန္တရာယ် ဖြစ်စဉ်ဖြစ်ပြီး လူပေါင်း ၂,၄၀၀ ခန့် သေဆုံးခဲ့သည်။                                             Ref:CNA

Most Read

Most Recent