အငတ်ဘေးဆိုက်လုနီးပါးဖြစ်နေသော ဂါဇာကို အမေရိကန်က လမ်းကြောင်းမျိုးစုံမှ အကူအညီများ ပေးပို့

အငတ်ဘေးဆိုက်လုနီးပါးဖြစ်နေသော ဂါဇာကို အမေရိကန်က လမ်းကြောင်းမျိုးစုံမှ အကူအညီများ ပေးပို့
ဂါဇာသို့ ပစ်ချပေးမည့် ရိက္ခာများကို ဘယ်လ်ဂျီယမ်စစ်သားများ လေယာဉ်ပေါ်တင်နေပုံကို မတ် ၄ ရက်တွင် တွေ့ရစဉ်(Photo:AFP)
ဂါဇာသို့ ပစ်ချပေးမည့် ရိက္ခာများကို ဘယ်လ်ဂျီယမ်စစ်သားများ လေယာဉ်ပေါ်တင်နေပုံကို မတ် ၄ ရက်တွင် တွေ့ရစဉ်(Photo:AFP)
Published 5 March 2024

အမေရိကန်ပြည်ထောင်စုသည် အစ္စရေးနှင့်ဟားမာ့စ် စစ်ပွဲဖြစ်ပွားနေချိန်အတွင်း  လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးကို ကုစားပေးရန် တတ်နိုင်သမျှ  လမ်းကြောင်းအများ အပြားမှတစ်ဆင့် ဂါဇာသို့အကူအညီများ ရောက်သွားစေရန် ဆောင်ရွက်နေသည်ဟု  နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့် ရှိသူ မတ်သရူးမေလာက မတ် ၄ ရက်တွင် ပြောကြားခဲ့ပြီး ဂါဇာတွင် အခြေအနေသည်   အမှန်ပင် သည်းမခံနိုင်လောက်သည့်အနေ အထားဖြစ်နေသည်ဟု ဆိုသည်။

ဂါဇာသို့ အကူအညီများကို ရေလမ်းကြောင်းအသစ်မှ ပေးပို့ခြင်းသည် ဂါဇာနယ်မြေစုကို အကူအညီများရောက်သွားစေရန် လတ်တလောကြိုးပမ်းအားထုတ်မှုများကို ဖြည့်စွက်ပေးနိုင်သည်ဟု ၀ါရှင်တန်က အကောင်းမြင်ထားကြောင်း မေလာက ပြောကြားခဲ့ပြီး ထိုလမ်းကြောင်းသည် တိုးတက်မှု အဆင့်တစ်ခုကို ရောက်နေပြီဟု ဆိုသည်။

ဂါဇာတောင်ပိုင်းရှိနယ်စပ်ဖြတ်သန်း ရေးဂိတ်နှစ်ခုမှတစ်ဆင့် အကူအညီများကို တင်ဆောင်လာသော ကုန်တင်ကားများအပြင် မဟာမိတ်နိုင်ငံများနှင့်အတူ အမေရိကန်စစ်တပ်သည် လွန်ခဲ့သော ရက်ပိုင်းတွင် ဂါဇာ ထံ အကူအညီများအား လေယာဉ်ပေါ်မှ ချပေးခဲ့သည်ဟု ဆိုသည်။ ဂါဇာပြည်သူအများစုသည် အစာငတ်လုဆဲအနေအထား ဖြစ်နေပြီဟု သတိပေးမှုများ ရှိနေချိန်တွင် အကူအညီများကို လေယာဉ်ပေါ်မှ ချပေးခဲ့ခြင်းဖြစ်သည်။

“အခြေအနေဟာ တကယ့်ကိုသည်းခံလို့မရတဲ့အနေအထားဖြစ်နေပါတယ်”ဟု သတင်းစာရှင်းလင်းပွဲတွင် မေလာက ပြောကြားခဲ့သည်။

“ဒါကြောင့်လည်း အမေရိကန်ပြည်ထောင်စုဟာ တတ်နိုင်သမျှလမ်းကြောင်း အများအပြားကနေဂါဇာကို အကူအညီတွေ တိုးမြှင့်ပေးနေတာဖြစ်ပြီး ဆက်လက်ကူညီနေတာဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

လေကြောင်းဖြင့်ပို့ဆောင်ပေးခြင်း၊ ရေကြောင်းဖြင့်ပို့ဆောင်ပေးခြင်းတို့သည် ကုန်လမ်းဖြင့် အကူအညီများ ပို့ဆောင်ပေးခြင်းကို ဖြည့်စွက်ပေးနေခြင်းဖြစ်သည်ဟု ၀ါရှင်တန်ကပြောကြားခဲ့သည်။ ထို့အပြင် အကူအညီ များကို ပို့ပေးနိုင်ရေးအတွက် ဂါဇာမြောက်ပိုင်းရှိ နယ်စပ်ဂိတ်ကို ဖွင့်ရန်လည်း အမေရိကန်က အစ္စရေးကို တိုက်တွန်းထားသည်။

“ဒီကြိုးပမ်းအားထုတ်မှုတွေဟာ ကုလသမဂ္ဂက ဂါဇာမြောက်ပိုင်းကို အများအပြားပေးနေတဲ့ အကူအညီတွေအတွက် အစားထိုးတာမဟုတ်ပါ။အဲဒီအကူအညီတွေနေရာမှာ အစားထိုးလို့လည်းမရနိုင်ပါဘူး။ ဂါဇာမြောက်ပိုင်းကို အကူအညီပေးပို့တာတွေ ပိုလုပ်လို့ရအောင် အစ္စရေးဘက်က အကူအညီပေးဖို့ ကျွန်တော်တို့ ဆက်လက်ဖိအားပေးနေပါတယ်။ အစ္စရေးရဲ့ကြိုးပမ်းလုပ်ဆောင်မှုတွေကို ၀ါရှင်တန်က များများစားစားကျေနပ်နေတာမျိုးမဟုတ်ပါဘူး”ဟု မေလာက ဖြည့်စွက်ပြောကြားခဲ့သည်။

အဆိုုပြုထားသည့် သီတင်းပတ်ခြောက်ပတ်ကြာ အစ္စရေး-ဟားမာ့စ် အပစ်အခတ်ရပ်စဲရေးကို လက်ခံရမည်ဟု မတ် ၃ ရက်တွင် အမေရိကန်ဒုတိယသမ္မတ ကာမလာဟဲရစ်က တိုက်တွန်းလိုက်ပြီး ဂါဇာသို့ မလုံလောက် သည့် အကူအညီများပေးပို့ခြင်းများနှင့်ပတ်သက်၍ အစ္စရေးကို ဝေဖန်ခဲ့သည်။

ထုံစံမဟုတ်ဘဲ ပြင်းထန်သော အသုံးအနှုန်းများဖြင့် ပြောဆိုခဲ့ရာတွင် အမေရိကန် ဒုတိယသမ္မတဟဲရစ်က ဂါဇာကိုအကူအညီများ ပိုမိုရောက်ရှိရေးအတွက် အဆင့်များချမှတ်ဆောင်ရွက်ရန် ဝန်ကြီးချုပ်ဘင်ဂျမင် နေတန်ယာဟု၏အစိုးရကို ဆော်သြခဲ့သည်။

“အစ္စရေးအစိုးရဟာ ဂါဇာကို အကူအညီတွေ ပိုမိုရောက်လာစေဖို့ သိသိသာသာလုပ်ပေးရမှာဖြစ်ပါတယ်။ ဆင်ခြေတွေပေးလို့မရပါဘူး”ဟု ဟဲရစ်က ပြောကြားခဲ့သည်။

အကူအညီများပေးပို့နိုင်ရေးအတွက် နယ်စပ်ဂိတ်သစ်များကို ဖွင့် ပေးရမည်ဖြစ်ကာ မလိုအပ်သော ပိတ်ပင်မှုများမလုပ်ရဟုဆိုသည်။    

ဂါဇာကို အစ္စရေးကမြေပြင် ထိုးစစ်ဆင်နေခြင်းနှင့်လေကြောင်း တိုက်ခိုက်မှုများ လုပ် ဆောင်နေခြင်းတို့ကြောင့်အနည်းဆုံးလူ ၃၀,၅၃၄ ဦးသေဆုံးထားသည်။

Ref: Reuters

Most Read

Most Recent